DeepFreeze နဲ့ ပတ်သတ်ပြီး တိုင်ပတ်ခဲ့တာက အိုးအိမ် ရုံးမှာပါ။ သူငယ်ချင်းတစ်ယောက်က စက်တွေကို Window တင်ပြီး DeepFreeze အုပ်ခဲ့တယ်။ ကျွန်တော် ထို site ကို ရောက်တုန်း အဲ့ဒီရုံးက အကိုတစ်ယောက်က ပြောတယ်။စက်တွေနဲ့ Ioffice သင်တန်း ဖွင့်ဖို့ရှိတယ်တဲ့။ဆိုတော့ ကျွန်တော်လည်း စက်တွေကို လိုက်စစ်ကြည့်တော့ Microsoft office က မတင်ထားဘူး။ဒါကြောင့် Office တင်မယ်ဆိုပြီး DeepFreeze ကို Thawn လုပ်ဖို့ ဖွင့်လိုက်ရော Password ခံထားတယ်။ အဲ့ဒီမှာ Company ကပေးနေကျ Password တွေ တခုပြီး တစ်ခု ရိုက်ထည့်ကြည့်တာပေါ့။ ဘာလိုမှမရဘူး။ နောက်ဆုံးမရတော့ DeepFreeze Password ပေးခဲ့တဲ့ သူငယ်ချင်းဆီလှမ်း ဖုန်းဆက်တယ်။ သူက လည်း ပေးတော့ ပေးခဲ့တယ်။ ဘာပေးလည်း သေချာ မသိတော့ဘူးတဲ့။ အဲ့မှာ စတွေ့တာဘဲ။ ဒါကြောင့် DeepFreeze Software ကို ဖြုတ်ဖို့ Internet က ရှာရရော။ Unfreeze ဆိုတဲ့ software တော့ ရှာတွေ့တယ်။ဒါပေမယ့် အဲ့ဒီ Undeepfreeze က DeepFreeze Version 5 လောက်ထိဘဲ Password ကို ဖြုတ်ပေးနိုင်တယ်။ ခုတင်ထားတာက Version 6 ဆိုတော့ ဖြုတ်မရဘူး။ နောက်ဆုံးမှာတော့ ဘယ်လို လုပ်ရလဲဆိုတော့ DeepFreeze မတင်ခင် လုပ်ထားတဲ့ C Partation Backup ကို Acronis နဲ့ ပြန်ခေါ်ရရော။ တော်သေးတာပေါ့။ Acronis နဲ့ C ကို DeepFreeze မတင်ခင် Backup လုပ်ထားလို့။ နို့မဟုတ်ရင် Window ပြန်တင်ရတော့မှာ (စက်အားလုံးကိုနော်)
ဟို တနေ့က DeepFreeze version 6 ဖြုတ်တဲ့ Software တစ်ခု သူငယ်ချင်း (ရဲမျိုးသူ) ဆီက ရလိုက်တယ်။
DeepFreeze version 6 ရဲ့ Password မေ့သွားရင် Restart ချပေးနိုင်တဲ့ Software ပါ။ Software က ဒီက ယူလိုက်ပါ။
DeepFreeze password မေ့လို့ DeepFreeze software ကို ဖြုတ်ချင်ရင် Linux OS တစ်ခုခုနဲ့ တက်ပြီး Deepfreeze Software Folder ကို ဖျက်လိုက်ရင်လည်း အဆင်ပြေတယ်လို့ သူက ပြောတယ်။ ကျွန်တော်ကတော့ မစမ်းကြည့်ရသေးပါဘူး။
ကျေးဇူး ရဲမျိုးသူ