Phone ၀င်လာတယ်။ ကိုယ်က မအားလို့ တယောက်ကို ဖုန်းကိုင်ခိုင်းမယ်ဆိုပါဆို့။ ဖုန်းကိုင်လိုက်ပါလို့ ပြောမယ်လေ။ ဒါဆို “Please hold the phone” လို့ ပြောလို့မရဘူး။ Please answer the phone. လို့ပြောပေးရပါမယ်။
နောက်တစ်ခုက ကိုယ်က ဖုန်းကိုင်လိုက်တယ်။ Foreigner က မင်းမင်း ရှိလားလို့မေးတယ်။ English လို မေးတာပေါ့။ ကိုယ်က ခဏကိုင်ထားပါ။ ဖုန်း လွှဲပေးပါ့မယ်လို့ပြောချင်တယ် ဆိုရင် “Hold the line please,I’ll put you through” လို့ပြောရပါတယ်။
ဒါမှမဟုတ် “ခဏလေးစောင့်ပါ။ ကျွန်တော် ခေါ်ပေးပါ့မယ်” လို့ ပြောချင်ရင် “wait a moment, please.I’ll get her” လို့ပြောနိုင်ပါတယ်။ ခေါ်ပေးပါ့မယ်ဆိုတာကို I’ll get him/her ဆိုပြီး သုံးတာကို သတိထားပေးပါ။
ရှိမရှိ ကြည့်ပေးမယ်လို့ ပြောချင်ရင် “Wait a moment, please .I’ll see if he is in or not.” Wait a moment အစား Just a moment ဆိုပြီး ပြောနိုင်ပါတယ်။ Meaning က တူတူ ပါဘဲ။ခဏစောင့်ပါပေါ့။
ကြည့်ပြီးလို့ မင်းမင်းက Meeting လုပ်နေတယ်ဆိုရင် “he is in the meeting at the moment” (at the moment ဆိုတာက ခုလောလောဆယ် ကို ဆိုလိုတာပါ။)
မင်းမင်း အပြင်သွားနေတယ်ဆိုရင် ကိုယ်က Foreigner ကို “He is out at the moment” လို့ပြောနိုင်ပါတယ်။
မင်းမင်းက တခြားဖုန်းပြောလက်စ ဖြစ်နေတယ်ဆိုရင် “He is already on the phone” လို့ပြောနိုင်ပါတယ်။ လူတစ်ယောက်က ဖုန်းပြောနေတယ်ဆိုရင် “he is talking phone” လို့ ပြောလေ့မရှိဘူး။ He is on the phone လို့ဘဲ ပြောလေ့ရှိပါတယ်။
ကိုယ်က Mr.Smith ဆီကို ဖုန်းဆက်လိုက်တယ်။ ကိုယ့်နာမည်က မင်းသူ။ဒါဆို မိမိက ဘယ်သူဆိုတာ ပြောချင်ရင် အရင်ဆုံး “hello,This is MinThu” လို့ပြောရပါတယ်။ It’s Min Thu လို့လည်းပြောလို့ရပါတယ်။ ဒါပေမယ့် This is သုံးတာက ပို စနစ်ကျပါတယ်။I’m MinThu လို့တော့ ပြောလေ့မရှိပါဘူး။
ပြီးတော့ ဖုန်း လာကိုင်တဲ့ သူက Mr.Smith ဟုတ်မဟုတ် မေးချင်ရင်။ “Are you Mr.Smith?” ထက်စာရင် “Is that Mr.Smith?” ဆိုပြီးသုံးပါတယ်။
ကိုယ်က Mr.Smith နဲ့ ပြောချင်လို့ပါလို့ ပြောချင်ရင် “Can I speak to Mr.Smith?” လို့ပြောနိုင်တယ်။ပိုပြီး Polite ဖြစ်ချင်ရင် Can I အစား Could I ပြောင်းပြီး ပြောနိုင်ပါတယ်။ ထက်ပြီး Polite ဖြစ်ချင်ရင်တော့ Please ကို ထည့်ပေးလိုက်ပါ။ “Could I speak to Mr.Smith,please?” ဆိုတာမျိုးပေါ့။
ဆိုပါတော့ ကိုယ်က ဖုန်းကိုင်လိုက်တယ်။ ကိုယ့်ရဲ့ Boss နဲ့ ပြောချင်တယ်လို့ ပြောတယ်။ ကိုယ့်ရဲ့ Boss က အပြင်သွားနေတယ်ဆိုပါစို့။ ဒါဆို ကိုယ်က ဘာမှာထားခဲ့မလဲလို့ ဖုန်းဆက်တဲ့သူကို မေးချင်တယ်။ ဒါဆိုရင် “Would you like to leave a message”? လို့ ပြောရတယ်။ “What do you want to say to our Boss” လို့ မပြောရပါဘူး။
အဲ့လိုဘဲ မိမိက တဘက်လူကို တစ်ခုခု မှာထားခဲ့လို့ရမလား မေးချင်ရင် “Can I leave a message?” လို့ ပြောနိုင်ပါတယ်။
ကိုယ့်နာမည်က သီဟ။ကိုယ်ဆက်တဲ့သူက မင်းမင်း။ ဖုန်းကိုင်တာက Operator။ မင်းမင်းက ခုမရှိဘူး။ သူပြန်လာရင် ဖုန်းပြန်ဆက်ခိုင်းချင်ရင် (ကျွန်တော်ကတော့ တော်တော်လည်သွားပြီ) Please tell him that Mr.Thiha Call. Could you ask him to back me back? (သီဟ ဆက်တယ်လို့ပြောပေးပါ။ သူပြန်လာရင် ကျွန်တော့်ဆီ Phone ပြန်ဆက်ပေးပါလို့ ပြောပေးပါ)
ကိုယ်က Operator ဖြစ်သွားပြီလို့ သဘောထား။ “ခင်ဗျား ပြောတာကို ပြန်ပြောပေးပါ့မယ်” လို့ပြောချင်ရင် “Yes,I’ll give him the message” or (I’ll tell him when he’s back) လို့ပြောနိုင်ပါတယ်။
“မင်းဆီ မနေ့ညက ဖုန်းဆက်တယ်။ ဖုန်းက မအားဘူး” လို့ပြောချင်ရင်။ Last night, I called you.The line was busy လို့ပြောရတယ်။ ဖုန်းလိုင်းမအားဘူးဆိုတာကို The line is busy လို့ပြောရတယ်။ The line is engaged လို့လည်း ပြောနိုင်ပါတယ်။ ကျွန်တော်လည်း ဖုန်းလိုင်းမအားဘူးဆိုတာကို အရင်တုန်းက ဘယ်လိုသုံးရမှန်း မသိခဲ့ပါဘူး။ Phone is not available လို့ ဘဲ တိုက်ရိုက် ဘာသာပြန်ပြိး သုံးမိခဲ့ပါတယ်။ အဲ့ဒီလို မသုံးရပါဘူး။
မင်းဖုန်းမကိုင်ဘူး ဆိုတာကို ပြောချင်ရင် “ I phoned you but there was no answer” ဆိုပြီး လိုတိုရှင်းပြောနိုင်ပါတယ်။ No one answered the phone ဆိုပြီးတော့လည်း ပြောလို့ရမယ်ထင်ပါတယ်။
ပြီးတော့ မနေ့ညက လို့ ပြောချင်ရင် “Last night” ဘဲ ပြောရပါတယ်။ Yesterday night လို့ မပြောရပါဘူး။ ဒါပေမယ့် မနေ့ညနေကဆိုရင်တော့ “yesterday evening” လို့ဘဲပြောရပါတယ်။ Last evening လို့မပြောနိုင်ပါဘူး။
ဒီတခါတော့ ဈေးဝယ်တာကို ပြောကြရအောင်။ ဆိုင်ဝန်ထမ်းက “ Do you need any help?”, “How can I help you?”,”Can I give you a hand”,”What can I do for you” စသဖြင့် မေးလာနိုင်ပါတယ်။
ကိုယ်က ၀ယ်ဖို့ မဟုတ်ဘူး။ ကြည့်ရုံဘဲလာတာဆိုရင် “I’m just looking” လို့ ပြန်ဖြေနိုင်ပါတယ်။
ဒါမှမဟုတ် ပစ္စည်းတစ်ခုခု လာဝယ်တာ။ဆိုပါတော့။ Laptop လာဝယ်တာလို့ ပြောချင်ရင်။ I’m looking for a laptop. လို့ပြောနိုင်ပါတယ်။
Can I have a laptop? လို့လည်း မေးနိုင်ပါတယ်။
Have you got any laptop လို့လည်း မေးနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်ပါတယ်။ “ ရှိလား။ မရှိဘူးလား” မေးချင်ရင် Do you have ထက်စာရင် Have you got ကို ပို အသုံးများပါတယ်။ Do you have any sister? ထက်စာရင် Have you got any sister? ဆိုပြီး ပိုသုံးတက်ကြပါတယ်။ တနည်းအားဖြင့် Do you have အစား Have you got ကို ပိုသုံးကြပါတယ်။
“Have you got this one in larger size?” ဆိုပြီးမေးနိုင်ပါတယ်။ပိုသေးတာကိုလိုချင်ရင်တော့ larger size မှာ Smaller size နဲ့ အစားထိုးပြီး ပြောနိုင်ပါတယ်။
ဒါဘယ်လောက်ကျသလဲ မေးချင်ရင် “How much does it cost?/How much is it?” ဆိုပြီး မေးနိုင်ပါတယ်။
ကိုယ်က ပစ္စည်းတစ်ခုရဲ့ အလုပ်လုပ်ပုံကို သိချင်ရင် “What’s is this for?”
ကိုယ်က ပစ္စည်း ကြိုက်တယ်။ဒါပေမယ့် မြန်မာလူမျိုးပီပီ ဈေးဆစ်ချင်တယ်ဆိုပါတော့။ ပြောရမှာက “Could you reduce the price?” ဆိုပြီး ပြောနိုင်ပါတယ်။
ယူမယ်လို့ပြောချင်ရင် “I’ll buy it” လို့ မပြောရပါဘူး။ I will take it လို့ ဘဲ ပြောရပါမယ်။ မယူဘူးလို့ပြောချင်ရင်လည်း “I’ll not buy it” လို့ မပြောရပါဘူး။ I will leave it လို့ပြောရပါမယ်။
ယူမယ်။ ထည့်ပေးပါလို့ပြောချင်ရင်။ “I will take it.Please wrap it up for me?” လို့ပြောနိုင်ပါတယ်။
ကိုယ်က အ၀တ်အစား၊လက်ဝတ်ရတနာ ၀ယ်တယ်ဆိုပါတော့။စမ်းဝတ်ကြည့်လို့ရမလား မေးချင်ရင် “Can I try this on?” ဆိုပြီးမေးနိုင်ပါတယ်။
ဝတ်ကြည့်လို့ မတော်ဘူးလို့ပြောချင်ရင်။ “It doesn’t fit.” လို့ပြောနိုင်ပါတယ်။ ကျပ်လွန်းတယ်ဆိုရင် “It’s too tight”, ချောင်လွန်းတယ်ဆိုရင် “It’s too loose” ဆိုပြီး ပြောနိုင်ပါတယ်။
အားလုံးပြီးလို့ ဘယ်လောက်ကျသလဲ မေးချင်ရင် “How much do I owe you?” ဆိုပြီး မေးနိုင်ပါတယ်။ (owe ဆိုတာက အကြွေးတင်တာကို ပြောတာပါ။ ဒီမှာတော့ ဘယ်လောက်ပေးရမလဲ ပုံစံနဲ့သုံးထားတာပါ။)
ဒီမှာတော့ မဟုတ်ပါဘူး။ နိုင်ငံခြားမှာဆိုရင် “How would you like to pay?” ဆိုပြီး မေးနိုင်ပါတယ်။ ဆိုတာက ငွေသားနဲ့ ရှင်းမှာလား။ Credit Card နဲ့ ရှင်းမှာလားလို့ပါ။
Cash နဲ့ ရှင်းမယ်ဆိုရင် I will pay in cash.
Credit card နဲ့ ရှင်းမယ်ဆိုရင် I will pay by credit card. ဒီမှာ သတိပြုရမှာက I will pay in credit card ဆိုပြီး မသုံးတာကိုပါ။
အကြွေးရောင်းလားဆိုတာကို မေးချင်ရင် Do you sell goods on credit? ဆိုပြီးမေးနိုင်ပါတယ်။
ဆိုင်မှာ ကိုယ်က ၀န်ထမ်းဆိုရင်
ဘာကူညီရမလဲ/ဘာရှာနေပါသလဲဆိုတာကို မေးချင်ရင် “Do you need any help?What are you looking for?”
ကိုယ်က Customer ကို ပစ္စည်းဝယ်အောင် ဒီ အ၀တ်မင်းနဲ့ လိုက်ပါတယ်လို့ ပြောချင်ရင် That looks good on you.
အမည်းရောင်က မင်းနဲ့လိုက်တယ်လို့ပြောချင်ရင် Black suits your complexion. (အမည်းရောင်က မင်းအသားရောင်နဲ့ လိုက်တယ်)
Customer ကို အကြွေ နဲ့ ဖြတ်ပိုင်းပေးရင်း ပြောရမှာက “Here’s your change and your receipt” လို့ပြောနိုင်ပါတယ်။
Customer တစ်ယောက်က ပစ္စည်းတစ်ခုကို မေးတယ်။ အဲ့ဒီ ပစ္စည်းက ကုန်နေတယ်လို့ ပြောချင်ရင် “We are out of it” ဆိုပြီး ပြောနိုင်ပါတယ်။ “It is out of stock” ဆိုပြီးလည်း ပြောနိုင်ပါတယ်။
Customer က တစ်ခုခု ရှိလားလို့မေးတယ်။ အဲ့ဒီ ပစ္စည်းကို ကြည့်ပေးမယ်လို့ပြောချင်ရင် “Just a moment,I will have a look?” ခဏစောင့်ပါ။ ကြည့်ပေးပါ့မယ်။
Customer က Changing Room ထဲက ထွက်လာရင် အ၀တ်တော်မတော်မေးချင်ရင် “Does it fit?”