ဒီတစ်ခါလည်း Post မတင်တာ တော်တော်ကြာသွားပြန်ပြီ။ ဒီ Post ကို ကိုယ့် website မှာတင်ဖို့ ကိုယ့် website တောင် ရှိသေးရဲ့လားလို့ ပြန်ကြည့်ရတယ်။ ခုတလော အလုပ်တစ်ဘက်နဲ့ Exam တစ်ခု အတွက် Preparation လုပ်နေရတာနဲ့ Post တွေ မတင်ဖြစ်တာပါ။ တစ်ခါတခါ IT field ထဲ ၀င်လာမိတာ မှားပြီလားလို့ ထင်မိတယ်။ မပြီးဆုံးနိုင်တဲ့ Exam တွေ ။ အရင်ဘ၀က မေးခွန်းထုတ်တဲ့ ဆရာများ ဖြစ်ခဲ့သလား မသိပါဘူး။ဝဌ်တွေ လည်နေတာကို ပြောပါတယ်။
ဒီတခါတော့ ကျွန်တော် share လုပ်ချင်တဲ့ အကြောင်းအရာက Kerio firewall ပါ။ သူ့အကြောင်း ရေးချင်နေတာကတော့ ကြာပါပြီ။ သူ့မှာ ပါတဲ့ report တွေ feature တွေက မိုက်လို့ပါ။ Microsoft ISA အစား သူ့ကို သုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ Microsoft ISA ထက် သူ့ကို ပိုကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူက Window OS မရွေးဘူး။ ISA လို Window Server OS (Server 2000,2003) တွေမှာဘဲ တင်လို့ရတာ မဟုတ်ဘူး။ ISA လို သူ့ version အလိုက် သွင်းလို့ရမယ့် Window Server OS တွေကိုလည်း စဉ်းစားစရာမလိုဘူး။ Kerio firewall က Window Server OS (Server 2000,2003,2008) အပြင် Window client OS ဖြစ်တဲ့ window XP, window 7 တွေပေါ်မှာ သွင်းနိုင်ပါတယ်။ ISA Server က Window Server OS ပေါ်မှာဘဲ တင်လို့ရတာလေ။
ပြီးတော့ ကျွန်တော်တို့ဆီမှာ internet လိုင်းနှစ်လိုင်းရှိရင်လည်း Computer တစ်လုံးထဲကို လိုင်းနှစ်လိုင်းလုံးဝင်ပြီး ထို computer ထဲမှာ Kerio firewall ကိုသွင်း။ ပြီးတော့ kerio firewall မှာပါတဲ့ load balancing feature ကိုသုံးပြီး internet traffic ကို load balance လုပ်ပေးနိုင်ပါတယ်။ အရင်တုန်းကလို internet နှစ်လိုင်းကို ပေါင်းသုံးချင်လို့ Load balancing router ၀ယ်စရာလည်း မလိုတော့ပါဘူး။ internet လိုင်းကိုလည်း နှစ်လိုင်းထက်ပိုပြီးတော့လည်း load balancing လုပ်ပေးနိုင်ပါသေးတယ်။ Policy Routing ကိုသုံးပြီးတော့လည်း ဘယ် IP range ဆို ဘယ် internet လိုင်းကထွက်၊ ဘယ် range ဆို ဘယ် internet လိုင်းက ထွက်ဆိုပြီးတော့လည်း လုပ်ပေးလို့ရပါတယ်။
အောက်က ပုံမှာ ကျွန်တော် load balancing feature ကို screen shot ဖမ်းထားပါတယ်။ Kerio ရဲ့ Load balancing မှာ failover နဲ့ traffic load balancing ဆိုပြီး နှစ်နည်းရှိပါတယ်။ Failover က internet လိုင်းနှစ်လိုင်းထဲမှ တစ်လိုင်းကိုဘဲ သုံးတယ်။ သုံးနေတဲ့ တစ်လိုင်း down သွားမှ နောက်တစ်လိုင်းကိုသုံးတာ။ Traffic Load balancing ကတော့ internet နှစ်လိုင်းလုံးကို တပြိုင်တည်း သုံးတာ။

နောက် Kerio ရဲ့ကောင်းတဲ့ အချက်က Traffic Shaping ပါ။ သူက user အလိုက် download, upload speed ကို ကန့်သတ်နိုင်ပါတယ်။ ISA မှာဆိုရင် အဲ့လို လုပ်ဖို့ဆိုရင် သီးသန့် add on (software) ထပ်သွင်းရပါဦးမယ်။ ဒီမှာတော့ မလိုပါဘူး။ Pfsense OS မှာ ဆိုရင်လည်း user အလိုက် download, upload speed ကို ကန့်သတ်လို့မရပါဘူး။WAN interface အလိုက်ဘဲ download, upload speed ကို ကန့်သတ်လို့ရပါတယ်။ ကျွန်တော်စမ်းကြည့်ရသလောက်ပေါ့။ အောက်က ပုံကတော့ file size အကြီးကြီး download,upload ချကြတဲ့ user တွေအားလုံးအတွက် share အသုံးပြုနိုင်မယ့် download,upload speed သတ်မှတ်တာပါ။Kerio မှာ user တစ်ယောက်က download ချရင် 256Kbps နဲ့ချပါလို့ ပြော (configure ချ) လို့မရဘူး။ download ချမယ့် user တွေအားလုံး 256Kbps speed ကို share သုံးပါဆိုပြီးတော့ဘဲ ပြောလို့ရတယ်။
download, upload speed ကို ကန့်သတ်ချင်တဲ့ user list ကို Advance ထဲကိုသွားပြီး ထည့်ပေးနိုင်ပါတယ်။ ”IP address group” မှာ Edit နှိပ်ပြီး download,upload speed ကန့်သတ်ချင်(လျော့ချင်)တဲ့ user တွေရဲ့ IP ကိုထည့်ပေးရပါမယ်။ ဒီမှာ တစ်ခုမကောင်းတာက username ပေးလို့မရပါဘူး။ IP ဘဲပေးလို့ရပါတယ်။ ဒါကြောင့် ကိုယ်ပိတ်ချင်တဲ့ user က ဘယ် IP သုံးနေလဲဆိုတာကို လိုက်ရှာကြည့်ရမှာပါ။ (ဘယ်လို ရှာနိုင်လည်းဆိုရင် ဘယ် user က ဘယ် computer က သုံးနေလဲဆိုတာကို Active host မှာ ပြနေမှာပါ။ ထို hostname ကို လှမ်း ping လိုက်ရင် reply from “IP” ကိုကြည့်ပြီး ထို hostname (user) ရဲ့ IP ကို သိနိုင်ပါတယ်။(အကောင်းဆုံးကတော့ DHCP Reservation နဲ့ ဘယ် computer ကို ဘယ် IP ဘဲချပေးမယ်ဆိုပြီး သတ်မှတ်ထားသင့်ပါတယ်။ဒါဆိုရင် user IP ခဏခဏပြောင်းမှာ စိုးရိမ်စရာမလိုတော့ပါဘူး)
ဒီ Bandwidth limiter မှာ သတ်မှတ်ထားတဲ့ upload,download speed က ထိုထဲက user တွေ file download,upload (MP3,video file download) လုပ်မှသာ affect ဖြစ်စေတာပါ။ user က webpage ကြည့်တယ်ဆိုရင်တော့ တခြား user တွေလို ပုံမှန် speed နဲ့ ကြည့်နိုင်မှာပါ။
အောက်ကပုံက upload,download speed ကို ကန့်သတ်ရမယ့်နေရာကို ပြထားတာပါ။ Advance button> Constraints Tab> IP Address Group ထဲဝင်ပြီး speed ကန့်သတ်ချင်တဲ့ user ရဲ့ IP ကိုထည့်ပေးရပါမယ်။

နောက်ကျွန်တော် အကြိုက်ဆုံး feature ကတော့ Report ပိုင်းပါ။ Report ပိုင်းကို internet users တွေမုန်းသွားလောက်အောင် ထုတ်ပေးနိုင်ပါတယ်။ user တစ်ယောက်ချင်းစီရဲ့ internet သုံးခဲ့တဲ့ data usage ကို နေ့အလိုက်၊ အပတ်အလိုက်၊ လ အလိုက်ပြပေးပါတယ်။ အောက်ကပုံမှာ အဲ့လို ပြထားတာကို တွေ့ရမှာပါ။
ပြီးတော့ ဘယ်နေ့မှာ ဘယ်သူက internet အသုံးပြုမူ့အများဆုံး (data usage) လည်းဆိုတာကို 1 to 5 စီ ပြ ပေးပါသေးတယ်။ ကျွန်တော် ကျောင်းတုန်းက အတန်းထဲမှာသာ 1 to 5 ထဲ မပါတာ။ ဒီမှာတော့ ခဏခဏ ပါတယ်ဗျ။ အောက်ကပုံက ထို Report ပုံစံပါ။
အကြည့်အများဆုံး Website link တွေကို လည်း 1 to 5 စီ ပြပါသေးတယ်။ ( ကျွန်တော်ထင်ပါတယ်။ မြန်မာပြည်မှာ တင်ထားတဲ့ kerio အားလုံးရဲ့ top 1 website က facebook ဘဲဖြစ်နေမှာပါ။)အောက်ကပုံက ထို Report ပုံစံပါ။
user တစ်ယောက်က ဘယ် website တွေကြည့်သွားလဲ၊ ဘယ် file တွေကို download ချသွားလဲဆိုတာလည်း ပြပါသေးတယ်။ user သွားခဲ့တဲ့ Website list တွေကို IP နဲ့ပြတာမဟုတ်ဘူးနော်။ Domain Name နဲ့ကို ပြတာ။ ဆိုတာက user က www.thantzinsoe.co.nr ကို ခေါ်ကြည့်ရင် keiro ရဲ့ report မှာ www.thantzinsoe.co.nr နဲ့ထွက်တယ်။ ISA မှာဆိုရင်တော့ user က www.thantzinsoe.co.nr ကို ခေါ်ကြည့်ရင် သူ ရဲ့ report မှာ www.thantzinsoe.co.nr အစား ထို website နဲ့ဆိုင်တဲ့ IP address (ဥပမာ 203.23.34.14) ကိုဘဲ ပြပေးလိမ့်မယ်။ (ISA တို့ရဲ့ report မှာ user သွားခဲ့တဲ့ website တွေကို IP အစား domain name နဲ့ ပြချင်ရင်တော့ လုပ်လို့တော့ရတယ်။ ဒါပေမယ့် အလုပ်တော်တော်ရှုပ်တယ်)
အောက်က ပုံတွေက user တစ်ယောက်ချင်းစီအလိုက် လက်ရှိ ကြည့်နေတဲ့ website ရယ်။ ကြည့်ပြီးသွားတဲ့ website။ download ချသွားခဲ့တဲ့ file တွေရဲ့ location တွေကို ပြပေးနေတာပါ။