Redlink က ချရောင်းနေတဲ့ 3GB Plan, 12GB plan သလိုမျိုးလည်း kerio မှာ configure ချလို့ရတယ်။12GB Plan ဆိုတာက ဘယ်လိုမျိုးလဲဆိုရင် user က internet တဖြည်းဖြည်းသုံးရင်းနဲ့ သတ်မှတ်ထားတဲ့ 12GB ပြည့်သွားရင် internet ဆက်သုံးလို့မရတော့တာမျိုး။ ဒါမှမဟုတ် 12GB ပြည့်သွားရင် internet ဆက်သုံးလို့တော့ရတယ်။ ဒါပေမယ့် speed လျော့သွားတာမျိုးတွေလုပ်လို့ရတယ်။ 12 GB က ဥပမာပြောတာပါ။ စိတ်ကြိုက် size သတ်မှတ်ပေးလို့ရတယ်။
ဆိုပါတော့ thantzinsoe ဆိုတဲ့ user ကို တစ်လမှာ 12 GB ထက် ပိုသုံးခွင့်မပေးဘူး။သန့်ဇင်စိုး က internet သုံးရင်းနဲ့ နောက်ဆုံး 12GB ပြည့်သွားရင် internet ဆက်သုံးလို့မရအောင် Kerio firewall ကို auto ပိတ်ခိုင်းလို့ရတယ်။ ဒါမှမဟုတ် internet ကို မပိတ်ဘဲ thantzinsoe user သုံးတဲ့ internet speed ကို လျှော့ချလိုက်လို့ရတယ်။ internet speed ကို kerio မှာ ဘယ်လို လျှော့ချနိုင်လဲဆိုတာကို ပြောပြချင်ပါတယ်။
ဆိုပါတော့ internet 4 Mbps speed ၀ယ်ထားတယ်။ download,upload speed 4 Mbps ရတာပေါ့။ (မြန်မာပြည်မှာလေ) internet သုံးတဲ့ user ၅ ယောက်ရှိတယ်။ user ၁ ယောက်ချင်းစီက ၁ လအတွက် 1 GB ပြည့်တဲ့အထိ internet ကို သုံးနိုင်တယ်။ internet speed 4Mbps (shared) speed နဲ့ပေါ့။ internet သုံးတာ 1GB ပြည့်သွားတဲ့ user တွေအတွက် လုပ်နိုင်တာနှစ်ခုရှိတယ်။တစ်ခုက internet ကို ရပ်လိုက်တာ။ နောက်တစ်ခုက internet speed ကို ချလိုက်တာ။ ဒီမှာတော့ internet speed ချလိုက်တာကို ပြောပြချင်ပါတယ်။
ဒီလို configure ချလိုက်မယ်။ 1 GB ပြည့်သွားတဲ့ user တွေအားလုံး ပုံမှန်ရနေတဲ့ internet speed အပြည့် 4 Mbps ကို ပေးမသုံးခိုင်းတော့ဘဲ 2 Mbps internet speed ကိုဘဲ share သုံးကြ ဆိုပြီး လုပ်လို့ရတယ်။ တနည်းအားဖြင့် internet usage quota 1 GB ပြည့်သွားတဲ့ သူတွေအတွက် internet speed ကို ချပြီးပေးလိုက်တဲ့ သဘောပေါ့။
အောက်က ပုံက user တစ်ယောက်ချင်းစီအတွက် သူတို့ အများဆုံးသုံးနိုင်မယ့် data size (quota) ကို နေ့အလိုက်၊အပတ်အလိုက်၊ လအလိုက် ကန့်သတ်လို့ရတဲ့နေရာကို ပြထားတာပါ။ထို limit ရောက်သွားတဲ့ user ကို internet ဆက်မသုံးစေချင်ရင် “Block Any Traffic” raidio button ကိုရွေးပေးရပါမယ်။ဒါမှမဟုတ် ဆက်တော့ internet ပေးသုံးမယ်။ ဒါပေမယ့် speed ကိုတော့ လျော့မယ် ဆိုရင်တော့ “Don’t block further traffic (only limit bandwidth according to Bandwidth limiter setting)” radio button ကိုရွေးပေးရပါမယ်။နောက်ဆက်လုပ်ရမှာက ကန့်သတ်မယ့် speed ကို bandwidth limiter tab ထဲမှာသွားပြီး ဖြည့်ပေးရမှာပါ။

အောက်ကပုံက quota limit ကျော်သွားတဲ့ user တွေ internet speed ကို ဘယ်လောက်နဲ့ သုံးနိုင်မလဲဆိုတာကို သတ်မှတ်ပေးရတဲ့နေရာပါ။(အောက်ဆုံး Panel) “All users who have exceeded their traffic quota will share the following maximum bandwidth vale” အောက်က “Limit downloads to”,”Limit uploads to” textbox တွေမှာ သတ်မှတ်ပေးရပါတယ်။
Kerio မှာ ဘယ် user တွေ download,upload ကို ဘယ်လောက် speed နဲ့သုံးနေလဲဆိုတာကို real time ကြည့်နိုင်တယ်။ အဲ့ဒီ real time log ကိုကြည့်ပြီး ဘယ်သူတွေက IDM သုံးပြီး download ချနေလားဆိုတာကို သိနိုင်တယ်။ (ကျွန်တော်ကတော့ internet လိုင်းကျပြီဆိုရင် အဲ့မှာ သွားသွားကြည့်တယ်။ ဘယ်သူတွေ IDM သုံးပြီး download ချနေလဲပေါ့။ သူ့ရဲ့ IP ကို မှတ်ပြီး Bandwidth limiter မှာ သူ့ရဲ့ download speed ကို သွားလျော့လိုက်တယ်။ IDM download speed ကြောင့် တစ်ရုံးလုံးသုံးနေတဲ့ internet speed မကျသွားရအောင်ပါ)
အောက်ကပုံမှာ ဘယ် user တွေ download,upload ကို ဘယ်လောက် speed နဲ့သုံးနေလဲဆိုတာကို real time ပြပေးနေတဲ့ ပုံပါ။ ပုံမှာတော့ ကျွန်တော် တစ်ယောက်တည်းဘဲ internet သုံးနေတဲ့ပုံပါ။

နောက် Kerio ရဲ့ ကောင်းတဲ့အချက် ကိုယ် internet မသုံးစေချင်တဲ့ computer ကို သူ့ရဲ့ MAC address ကိုသုံးပြီး ပိတ်ထားလို့ရတယ်။ နောက်တစ်နည်းက အဲ့လို configure မချဘဲ ကိုယ် internet ပေးသုံးချင်တဲ့ computer (MAC) တွေကိုဘဲ ပေးသုံးမယ့် list ထဲမှာ ထည့်ထားပေးလို့ရတယ်။အဲ့ဒီ list မှာ မသတ်မှတ်ထားတဲ့ computer (MAC) ကတော့ internet သုံးလို့ရမှာမဟုတ်ပါဘူး။ အောက်ကပုံက အဲ့လို သတ်မှတ်လို့ရမယ့် နေရာကို screen shot ပြထားတာပါ။
Kerio Firewall က DHCP server အနေနဲ့ အလုပ်လုပ်ပါတယ်။တနည်းအားဖြင့် client computer တွေအတွက် IP address တွေချပေးနိုင်ပါတယ်။ computer မှာ သီခြား DHCP server role တွေ သွင်းစရာမလိုတော့ပါဘူး။
Keiro ကို သုံးဖြစ်ခဲ့တာက ကျွန်တော်တို့ ရုံးမှာပါ။Kerio မသုံးခင်က ရုံးမှာက Redlink Mobile Wimax တစ်လိုင်းဝယ်ထားပြီး သူ့မှာ ပါတဲ့ NAT နဲ့ တစ်ရုံးလုံးကို internet share ပေးထားတယ်။ ဘယ်သူက internet ကို ဘယ်လောက်သုံးနေလဲ၊ ဘာတွေသုံးနေလဲ၊ ဘာအတွက်သုံးနေလဲဆိုတာကို မသိရပါဘူး။ ကျွန်တော့် Director က ရုံးက internet speed နှေးနေတယ်။ ဘယ်သူတွေ ဘာတွေ သုံးနေလို့ internet ကျနေတာကို သိချင်တယ်တဲ့။ အဲ့မှာ ဘယ် software သုံးရမလဲဆိုတာကို စစဉ်းစားရတာပေါ့။ CCProxy သုံးရင်ကောင်းမလားလို့ စဉ်းစားသေးတယ်။ သူကလည်း ဘယ်သူက ဘယ် website တွေသုံးသွားလဲဆိုတာကိုတော့ ပြတော့ ပြပေးပါတယ်။ ဒါပေမယ့် သူ့အားနည်းချက်က client computer တွေရဲ့ Browser မှာ Proxy IP address တွေထည့်ပေးရတယ်။ အဲ့ဒါမှ CCProxy က record လုပ်ပေးမှာ။ဒါကြောင့် ပြသနာတစ်ခုရှိတယ်။ဆိုပါတော့။ User က Browser မှာ proxy IP address ကိုဖြုတ်လိုက်တယ်။ပြီးတော့ IP configuration မှာ gateway IP ကို ထည့်ပြီး internet သုံးရင် CCProxy က record လုပ်ပေးတော့မှာမဟုတ်ဘူး။ဒါကြောင့် report တွေမကြည့်နိုင်တော့ပါဘူး။ အဲ့လို ပြသနာတွေရှိတော့ နောက် တစ်ခု စဉ်းစားတာပေါ့။ ISA server။ ISA server ကလည်း CCProxy လိုဘဲ။ အဲ့လို report တွေကြည့်ချင်ရင် user တွေရဲ့ browser မှာ Proxy IP address ကိုလိုက်ထည့်ပေးရမယ်။ ပြီးတော့ ISA မှာ အဲ့လို report တွေကြည့်နိုင်ဖို့ဆိုရင်လည်း ဒီအတိုင်းကြီးလည်း မရဘူး။ add on တွေ လိုက်ရှာပြီး ISA server ထဲ ထပ်ပေါင်းထည့်ပေးရဦးမယ်။ Internet ဆိုင်တွေမှာ Wifi outdoor ထောင်ပြီး internet ရောင်းရင် သုံးလေ့ရှိတဲ့ Antemedia Hotspot Software ရင်လည်း version မြှင့်မှ report function တွေရတာ။ Version မြှင့်အတွက်လည်း crack ကလည်း ရှာရခက်တယ်။
နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ပြောတဲ့ Kerio Firewall နဲ့ အဆင်ပြေသွားပါတယ်။ Software နာမည်က Kerio Control ပါ။ Kerio က Mail Server အတွက် Kerio connect ဆိုပြီး ထုတ်ထားတာလည်း ရှိပါတယ်။ Kerio connect ရဲ့ GUI က VPOP3 ထက်ပို user friendly ဖြစ်ပါတယ်။ Kerio အကြောင်း ပြန်သွားကြရအောင်။ သူ့ကို သုံးမယ်ဆိုရင် အရင် user account တွေ ဆောက်ပေးရပါမယ်။ user တွေ internet သုံးရင် ထည့်ပေးရမယ့် user account တွေပေါ့။ ကိုယ့် Network မှာ AD ရှိရင်တော့ AD မှာ ရှိတဲ့ user တွေကို kerio နဲ့ ချိတ်သုံးလို့ရပါတယ်။ ဒါဆိုရင် kerio မှာ user account ဆောက်စရာမလိုတော့ဘူးပေါ့။
အောက်ကပုံက Kerio မှာ ဆောက်ထားတဲ့ user account တွေပါ။

user တွေက browser ဖွင့်လိုက်ရင် username,password တောင်းတဲ့ kerio login page တက်လာပါမယ်။ user name ,password ထည့်လိုက်ရင် kerio firewall က authorize လုပ်လိုက်ပြီး ထို user အတွက် internet အသုံးပြုမှုတွေကို စတင် record လုပ်နေပါတော့မယ် ( client ရဲ့ internet browser ထဲမှာ proxy IP address လည်းထည့်ပေးစရာမလိုပါဘူး)
အောက်ကပုံက user browser ဖွင့်လိုက်ရင် တွေ့ရမယ့် kerio ရဲ့ login page ပါ။ kerio မှာသတ်မှတ်ထားတဲ့ username,password ကို ထည့်လိုက်မှသာ user က internet စသုံးနိုင်မှာပါ။ (တခုသိထားရမှာက အသုံးပြုသူက username,password မထည့်ခင်မှာလည်း messenger software (Gtalk, Skype ) တွေကို သုံးလို့ရနေမှာဖြစ်ပါတယ်)

တချို့ user တွေက ရှိတယ်။ သူတို့ internet သုံးတိုင်း internet browser မှာ username နဲ့ password ကို ရိုက်မထည့်ချင်ကြပါဘူး။ username,password ထည့်စရာမလိုဘဲနဲ့ သုံးချင်ကြပါတယ်။ username,password မထည့်ပေမယ့်လည်း Kerio Firewall က ထို computer သုံးတဲ့ internet usage တွေကို user တစ်ဦးအနေနဲ့ တွဲသိဖို့လိုပါတယ်။ အဲ့ဒီ Case အတွက် Kerio firewall မှာလုပ်ပေးလို့ရတာရှိပါတယ်။ kerio firewall မှာ ဘယ် computer IP လာတဲ့ internet traffic ဆို authentication လုပ်စရာမလိုဘဲ ဘယ် user အနေနဲ့ ထားလိုက် (Authorize) ပါဆိုပြီး သတ်မှတ်လို့ရတယ်။ ဥပမာ ဦးသက်ဆွေဦးရဲ့ computer မှာ IP address ကို 192.168.7.34 ပေးထားတယ်။ 192.168.7.34 ကလာတဲ့ internet usage ကို username,password မတောင်းဘဲ “thetsweoo” user account အနေနဲ့ ထားလိုက်ပါဆိုပြီး kerio မှာ configure ချလို့ရတယ်။
ကိုယ်က ဦးသက်ဆွေဦး internet သုံးရင် browser မှာ username,password ဖြည့်စရာမလိုဘဲ internet ပေးသုံးချင်တယ်ဆိုပါတော့။ “ThetSweOo” ဆိုတဲ့ user account ရဲ့ Properties ထဲက IP address tab မှာ ၀င် configure ချနိုင်တယ်။အဲ့ဒီမှာ ဦးသက်ဆွေဦးရဲ့ computer IP address ကို ထည့်ပေးရမှာပါ။ ဒါဆိုရင် ထို IP ရှိတဲ့ computer ဆီမှာ သွားထိုင်ပြီး internet သုံးရင် username,password မမေးတော့ဘဲ ThetShweOo account နဲ့ဘဲ kerio က authorize လုပ်သွားမှာပါ။တစ်ခုရှိတာက ဦးသက်ဆွေဦး သုံးတဲ့ computer က အမြဲ 192.168.7.34 IP address ဖြစ်နေဖို့လိုတာပေါ့။ ဒါကြောင့် ဦးသက်တွေဦး computer ဆီ ဒီ IP ဘဲ အမြဲ ချပေးအောင် Kerio DHCP server မှာ ကို DHCP Reservation လုပ်ပေးရပါမယ်။ DHCP Reservation က ဘယ် MAC address အတွက်ဆို ဘယ် IP ဘဲ ချပေးပါဆိုတာပြီး သတ်မှတ်ပေးတာပါ။ဒါကြောင့် DHCP Reservation မှာ ဦးသက်ဆွေဦး computer MAC address နဲ့ ဦးသက်ဆွေဦး computer ဆီ အမြဲချပေးချင်တဲ့ IP address ကို တွဲပေးရမှာဖြစ်ပါတယ်။ Kerio DHCP က Clinet တွေဆီက IP လှမ်းတောင်းတဲ့ DHCP request data ရောက်လာတဲ့အခါတိုင်း ထို data က ဦးသက်ဆွေဦး MAC address (computer) ဆီက လာတဲ့ DHCP request data လားဆိုတာကို စစ်တယ်။ ဟုတ်ရင် DHCP Reservation ထဲမှာ ပေးထားတဲ့ IP address ကို ဦးသက်ဆွေဦး computer ဆီ ချပေးပါတယ်။
အောက်ကပုံက ဦးသက်ဆွေဦးက 192.168.7.34 IP address ပေးထားတဲ့ Computer မှာ internet ထိုင်သုံးရင် username,password ထည့်စရာမလိုဘဲ internet သုံးနိုင်အောင်လုပ်ထားတာပါ။ (kerio ကတော့ ထို computer ကလာတဲ့ internet usage ကို “thetsweoo” user account ထဲထည့်ပေးလိုက်ပါတယ်)

Internet စကြည့်ရင် browser မှာ username နဲ့ password ထည့်ပြီှးှမှသာ internet သုံးနိုင်အောင်လို့ အောက်က check box ( Always require users to be authenticated when accessing web pages) ကို ONထားပေးတာပါ။အောက်ကပုံလို။
ISA Server လိုလည်း firewall Rule တွေ configure ချနိုင်ပါသေးတယ်။ ဘယ် computer ကို internet ပိတ်မယ်၊ ဘယ် computer ကို ဘယ် website တွေပိတ်မယ် ၊ ဘယ် internet service တွေပိတ်မယ် ဆိုတာကိုလည်း ဒီမှာ configure ချနိုင်ပါတယ်။
Internet Traffic ကိုလည်း အောက်က ပုံစံနဲ့ ကြည့်နိုင်ပါသေးတယ်။
ကျွန်တော့် ရုံးမှာ လုပ်ထားတဲ့ ပုံစံက Redlink internet line နှစ်လိုင်းကို Kerio firewall တင်ထားတဲ့ computer ထဲထည့်ထားပါတယ်။ပြီးတော့ kerio ရဲ့ load balancing function ကို ON လိုက်ပါတယ်။ ရုံးမှာ internet သုံးမယ့် user တွေအတွက် user account တွေကို kerio firewall မှာဆောက်ထားပါတယ်။ IDM သုံးတဲ့ user တွေကို Bandwidth limiter ကိုသုံးပြီး upload,download speed ကန့်သတ်ပေးထားပါတယ်။ Bandwidth limit က user အနေနဲ့ ကန့်သတ်လို့ မရပါဘူး။ IP အနေနဲ့ဘဲ ကန့်သတ်လို့ရတာပါ။ ဒါကြောင့် ဘယ် user တွေက ဘယ် IP ကိုသုံးလဲဆိုတာကို သိဖို့လိုပါတယ်။ Active host View ထဲမှာတော့ ဘယ် user က ဘယ် computer ကိုသုံးထားလည်းဆိုတာတော့ပါပါတယ်။ထို computer name ကို ping ပြီး ထို user ရဲ့ IP ကိုသိနိုင်ပါတယ်။
Kerio firewall က NAT ကို လုပ်ပေးပါတယ်။ NAT (Network Address Translation) ဆိုတာက မိမိကို ဖြတ်သွားတဲ့ packet မှာပါတဲ့ source IP address ကို route လုပ်နိုင်တဲ့ IP address ပြောင်းထည့်ပြီး ဆက်forward လုပ်ပေးတဲ့ function ပါ။ ။ NAT function ကို ဘာလို့သုံးရလဲဆိုရင် ဥပမာ internet 128Mbps ကို ၀ယ်လိုက်ရင် IP address တစ်ခုဘဲရတယ်။ ဒါကြောင့် computer ၁ လုံးမှာဘဲ ထို IP ကိုပေးနိုင်မှာပါ။ တနည်းအားဖြင့် computer ၁ လုံးဘဲ internet သုံးနိုင်မှာပါ။ ဒါကြောင့် NAT ကိုသုံးရတာပါ။ NAT ကြောင့် Private IP address အများကြီး ရရှိမှာပါ။ ထို private IP အများကြီးကို computer အများကြီးမှာထည့်ပြီး ထို computer တွေ internet သုံးနိုင်ကြမှာဖြစ်ပါတယ်။ NAT device မှာ Interface နှစ်ခုပါပါတယ်။ တစ်ခုက WAN interface ပါ။ တစ်ခုက LAN interface ပါ။ WAN interface မှာ ISP ကပေးတဲ့ IP ကို assign လုပ်ရပါမယ်။ LAN interface မှာ မိမိ LAN မှာ သုံးချင်တဲ့ private IP တစ်ခုကို သတ်မှတ်ပေးရမှာပါ။ Computer တစ်လုံးက internet ဆီ data ပို့ရင် NAT device ကိုဖြတ်ပြီးမှ internet ဆီရောက်ပါမယ်။ အဲ့လို data က NAT device ကိုဖြတ်တိုင်း NAT function က ထို data မှာပါတဲ့ source IP (private IP) ကို WAN interface မှာ assign လုပ်ပေးထားတဲ့ IP ကိုပြောင်းပေးလိုက်ပါတယ်။ လိုအပ်ရင် source port ပါပြောင်းပေးပါတယ်။ ဒါကြောင့် NAT အစား PAT (Port address translation) လို့ ခေါ်ရင် ပို မှန်ပါတယ်။ NAT ကို လုပ်ပေးနိုင်တာ နှစ်မျိုးရှိပါတယ်။ software NAT နဲ့ hardware NAT။ hardware NAT က wireless router တို့ဖြစ်ပါတယ်။ wireless router မှာ ထို NAT function ပါလို့ပါ။ NAT function အတွက် Wireless Router သုံးလိုက်ရင် computer သုံးစရာမလိုတော့ပါဘူး။ Software နဲ့ NAT လုပ်ချင်ရင်တော့ computer တစ်လုံးကိုသုံးပေးရမှာဖြစ်ပါတယ်။ ထို computer ပေါ်မှာ NAT function လုပ်ပေးနိုင်တဲ့ ISA server, ICS, RRAS, Pfsense, Zeroshare, Monowall တမျိုးမျိုးကို သွင်းပေးရမှာဖြစ်ပါတယ်။ ခုတော့ Kerio ပေါ့။ NAT အကြောင်းကို နောက် Post တစ်ခုမှာ ရှင်းရှင်းလင်းလင်း ရေးဖို့ရှိပါတယ်။ ခုကတော့ နည်းနည်း ရှုပ်နေမှာပါ။
ခု ကျွန်တော် CCNP Prepartion ဆိုတဲ့ facebook group တစ်ခု ဆောက်ထားပါတယ်။ အဲ့မှာ CCNP Exam နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ၊ CCNP နဲ့ ပတ်သတ်တဲ့ technical တွေ အပြန်အလှန် ဆွေးနွေးကြဖို့ပါ။ CCNP Exam ဖြေမယ့် သူတွေအချင်းချင်း ဆွေးနွေး၊ ကူညီ နိုင်ကြဖို့ပါ။ http://www.facebook.com/groups/250462148421764/ တွင်လာရောက် join နိုင်ပါတယ်။ CCNP Preparation Page မှာကတော့ ကျွန်တော် ဖတ်ထားတဲ့ CCNP အကြောင်းအရာတွေ ရေးထားပါတယ်။ Page ကတော့ http://www.facebook.com/CcnpPreparationGroup .....