Pfsense အကြောင်းရေးချင်တာ ကြာပါပြီ…..ခုမှဘဲ ရေးဖြစ်ပါတော့တယ်….အမှန်ကတော့ Pfsene နဲ့ ပတ်သတ်လို့ Guru ကြီးတော့ မဟုတ်ပါဘူး….ကျွန်တော် configuration လုပ်ခဲ့သမျှကို ပြန် share ခြင်းဖြစ်ပါတယ်…..
Pfsense က Unix Based OS တစ်ခုပါဘဲ။ Pfsense OS ကိုသုံးပြီး internet line ကို Wifi တိုင်ထောင်ပြီး အိမ်တွေကို Internet Access Account ပြန်ရောင်းစားတာတို့ ၊ Condo, Hotel တွေမှာ internet line ကို Pfsense OS နဲ့ share ပေးပြီး speed ကို ပြန်ထိန်းတာတို့၊ Office တွေမှာ ဘယ် computer ဘဲ internet ပေးသုံးမလဲ , user တစ်ယောက်ချင်းစီက internet ကို ဘယ်လောက် speed နဲ့ သုံးခွင့်ပေးမလဲ သတ်မှတ်တာတွေတို့မှာ အသုံးများပါတယ်…
ဘယ် computer တွေက ဘယ်နေ့မှာ internet ဘာတွေကြည့်ခဲ့သလဲတို့, ဘယ် file တွေကို download ဆွဲခဲ့သလဲလို့, ဘယ် computer က တစ်နေ့လုံးစာ internet bandwidth ဘယ်လောက်သုံးခဲ့သလဲ စတဲ့ Report တွေကို ကြည့်ချင်လို့လည်း သုံးကြပါတယ်…
Internet လိုင်း တစ်လိုင်းထက် ရှိလာရင် ထို internet လိုင်းတွေကို Pfsense Server ထဲ ထည့်ပြီး Load Balance လည်း လုပ်လာကြပါတယ်…. Pfsense က GUI based ဖြစ်တဲ့အတွက် သုံးရတာ လွယ်ပါတယ်..
သူ့ရဲ့ အားသာချက်က Unix based ဖြစ်တဲ့အတွက် virus အန္တရယ် သိပ်မရှိပါဘူး…ပြီးတော့ Microsoft Platform မှာ Run တဲ့ Application တွေလို License Key တွေဘာတွေ ၀ယ်စရာ၊ Crack စရာလည်း မလိုပါဘူး…..နောက်ကောင်းတဲ့ အချက်က ငြိမ်ပါတယ်….ဆိုတာက သူ့ကို configuration လုပ်ပြီးလို့ ဒီအတိုင်းထားလိုက်ရင် သူ့ဘာသာ ကြာရှည် Run နေပါတယ်…ပြသနာတက်လို့ ခဏခဏ တက်လို့ သွားကြည့်ရတယ်ဆိုတာ ရှားပါတယ်….ကျွန်တော်တို့ ရုံးမှာဆိုရင်တော့ ကြည့်စရာကိုမလိုတာ…ဘယ်လိုမလဲ…ဖြုတ်ထားတာကိုး (မအားသေးလို့ ပြန်မတပ်ဖြစ်သေးတာပါ)
ဒီ Post မှာတော့ Project Site တစ်ခုနဲ့ပတ်သတ်ပြီး Pfsense ကို ကျွန်တော် ဘယ်လို configure ချသွားခဲ့လဲဆိုတာကို ရေးသွားမှာ ဖြစ်ပါတယ်….
Customer က Constrution ပိုင်ရှင်တစ်ယောက်ပါ….သူလိုချင်တဲ့ ပုံစံက
သူ့အိမ်မှာ internet line တစ်လိုင်းရှိတယ်.. 4Mbps Speed FTTH service ကိုဝယ်ထားတာပါ... ….ပြီးတော့ ထို Line ကို သူတို့အိမ်နဲ့ မလှမ်းမကန်းမှာရှိတဲ့ Hotel ဆီကို Wifi (Point to Point) နဲ့ လှမ်း share ပေးမှာပါ….
Project ရဲ့ Network Infra Diagram ကတော့ ဒီလိုပါ…

အဲ့ဒီမှာ Requirement တွေ ထွက်လာပါတယ်….
5. ပြီးတော့ UserName နဲ့ Password တစ်ခုကို Device (Computer, Laptop,Phone) တစ်ခုမှာဘဲ သုံးခွင့်ပြုစေချင်တယ်….ဆိုတာက Reception က Guest တစ်ယောက်ကို Internet သုံးနိုင်ဖို့ “Room2” ဆိုတဲ့ Internet Access Account တစ်ခုကိုပေးလိုက်တယ်…Guest က သူ့ laptop မှာ web browser ဖွင့်လိုက်တယ်..အဲ့ဒီအခါ Browser က internet သုံးနိုင်ဖို့ username, password လာတောင်းတယ်…Reception ကပေးလိုက်တဲ့ “Room2” ဆိုတဲ့ account ကိုထည့်လိုက်တယ်…ဒါဆို Guest က သူ့ laptop မှာ internet သုံးလို့ရသွားပြီ…အဲ့ဒီ အချိန်မှာဘဲ Guest က တဆင့်တက်ပြီး သူ့ phone မှာ internet သုံးဖို့ သူ့ Phone ရဲ့ browser ဖွင့်လိုက်တယ်.interent သုံးနိုင်ဖို့ username,password တောင်းတယ်.…Guest က သူခုနက သူ့ laptop မှာသုံးနေဆဲ “Room2” ဆိုတဲ့ account ကိုထည့်လိုက်တယ်…အဲ့ဒီ phone မှာ သုံးခွင့်မပေးတော့ဘူး….အဲ့လို လိုချင်တယ်…(Disable concurrent LogIn)
6. ပြီးတော့ Guest တွေသုံးသွားတဲ့ Internet Browsing History ကိုလည်း Server ပေါ်မှာ Record ထားချင်တယ်တဲ့(Light Squid Report)
7. Guest တစ်ယောက်က အလွန်ဆုံး internet ကို 1 နာရီဘဲ သုံးလို့ရမယ်…တစ်နာရီထက်ကြာရင် auto logout လုပ်စေချင်တယ်….Guest က internet ဆက်သုံးချင်ရင်တော့ account ပြန် ထည့်ပြီး ၀င်လို့တော့ရမယ်….(Hard Timeout)
Requirement တွေကတော့ သိပ်မများပါဘူး…
Home Network မှာ cache service ထားမယ်…DHCP service ထားမယ်… LightSquid Report ထားမယ်..
Hotel Network ဘက်မှာကတော့ DHCP Server,Cache Server,Captive Portal, Limit UpLoad/Download, Disable concurrent User, LightSquid Report, HardTimeOut
(ဒီ Function အားလုံးကို Pfsense Server တစ်လုံးဘဲ သုံးပြီး လုပ်သွားမှာဖြစ်ပါတယ်)
ကဲ စလိုက်ရအောင်….
ပုံတွေအများကြီးပါတဲ့အတွက် ဒီ WebPage မှာ Upload တင်ရတာ အဆင်မပြေတဲ့ အတွက် Soft File ကိုအောက်က Link ကနေ download ဆွဲပြီး ကြည့်ပေးကြပါ…ကျေးဇူးတင်ပါတယ်….
Please download @ https://www.dropbox.com/s/0bfyq1t16fdbsbv/Pfsense%20Post%20By%20TZS.doc
- Home Network နဲ့ Hotel Network က computer အားလုံးဆီကို IP ချစေချင်တယ်….computer တစ်လုံးချင်းစီမှာ IP လိုက်မထည့်ချင်ဘူး….(DHCP Server Service)
- အိမ်မှာတော့ Internet ကြည့်ရင် ပိုမြန်အောင် Cache Server ထားချင်တယ်တဲ့….. Hotel မှာလည်း Cache ထားချင်တယ် (Cache Server)…User တွေသုံးသွားတဲ့ internet Browsing History Report ကို Server မှာ ကြည့်ချင်တယ် (LightSquid Report)…..
- ပြီးတော့ hotel က Guest က internet သုံးချင်တယ်ဆိုရင် username, password ထည့်ပေးရမယ်..ထည့်လို့ မှန်မှ internet သုံးခွင့်ပေးစေချင်တယ်…Guest က Reception ကပေးလိုက်တဲ့ username,password ထည့်ပြီး internet သုံးရမယ်. (Captive Portal)