TrunkLink ဆိုတာ Switch တွေ အချင်းချင်း ချိတ်ဆက်ထားတဲ့ ကြိုးကို ပြောတာပါ။ Switch တစ်ခုမှာ ရှိတဲ့ Computer တွေ အားလုံးက နောက် Switch တစ်ခုမှာရှိတဲ့ Computer တွေဆီကို Data ပို့မယ်ဆိုရင် ထို Trunk Link တစ်ခုကိုဘဲ အားလုံးက Share သုံးရမှာ။ ဒါကြောင့် TrunkLink ရဲ့Bandwidth က များရင် ပို ကောင်းတာပေါ့။ ထို့အတွက် Switch တွေ အချင်းချင်း ချိတ်ကျတဲ့ အခါ Bandwidth များအောင် port တွေ(Uplink port လို့လည်း ခေါ်ကြတယ်) ကို 100Mbps, 1Gbps,10Gbps စတာတွေ သုံးပြီး ချိတ်လာကြတယ်။ နောက်တစ်နည်းကတော့ TrunkLink အတွက် ကြိုးတစ်ကြိုးတည်းသာ မသုံးတော့ဘဲ ကြိုးတွေအများကြီးကို ချိတ်ပြီးသုံးလာကြတယ်။
ပုံမှာဆို Switch A မှာ Server Computer တွေ ချိတ်ထားကြတယ်။ Switch B မှာရှိတဲ့ Computer အလုံး ၁၀၀ က Switch A မှာ ရှိတဲ့ Server တွေဆီကို တပြိုင်နက်တည်း TrunkLink ကိုဖြတ်ပြီး Data ပို့ကြတယ်။ Switch A နဲ့ Switch B ချိတ်ထားတဲ့ Link ရဲ့ Speed က 1 Gbps(1000Mpbs)။ Computer အလုံးတစ်ရာက တပြိုင်နက်တည်း ထို TrunkLink ကို Share လုပ်ပြီး Server တွေဆီကို Data ပို့နေကြတယ်။ဒါကြောင့် Computer တစ်လုံးချင်းစီက ထို Link ပေါ်မှာ Speed 10 Mbps နဲ့ဘဲ data ပို့နိုင်တယ်။ ကိုယ်က Computer တစ်လုံးချင်းစီအတွက် ထို Link ပေါ်မှာ ရမယ့် Bandwidth ကို ချဲ့ချင်တယ်။ ဒါဆိုရင် အောက်က ပုံစံလိုမျိုး လုပ်ပေးနိုင်တယ်။
1Gbps Link ကြိုးလေးကြိုးကို သုံးပြီး Trunk Link လုပ်ထားတာ။ ပုံမှာက ကြိုး၎ ကြိုးကိုသုံးပြီး Switch နှစ်ခုကို ချိတ်ထားတာ။ ဒါဆိုရင် Computer တစ်လုံးချင်းစီက 40 Mbps နဲ့ Trunk Link ပေါ်မှာ data ပို့နိုင်ပြီ။ အဲ့ဒီလို TrunkLink တွေကို ပေါင်းပြီး Data ပို့တာနိုင်တာက TrunkLink တွေကို EtherChannel လုပ်ထားလို့။ Ethercahnnel က TrunkLink ကို အများဆုံး ကြိုး ၈ ချောင်း အထိ လုပ်နိုင်တယ်။ ဒီမှာ ကြိုး ၄ ချောင်းအစား ၈ ချောင်းသုံးမယ် ဆိုရင် Computer ၁ လုံးစီက 80Mbps နဲ့ Trunk Link ကနေ data ပို့နိုင်သွားလိမ့်မယ်။ 10Gbps uplink port ၈ ခုကို သုံးပြီး etherchannel လုပ်မယ်ဆိုရင် backbone link ရဲ့ bandwidth က 80Gbps ဖြစ်သွားမယ်။ နဲနဲ နောနောတော့ မဟုတ်ဘူး။
Switch တွေအချင်းချင်း ကြိုးကို အဲ့လို ချိတ်ထားရုံနဲ့ Bandwidth ကို အလိုလို ချဲ့ပေးမှာ မဟုတ်ဘူး။ Configuratin လုပ်ပေးမှရမှာ။ တနည်းဆိုရင် Etherchannel configuration ကို လုပ်ပေးရမယ်။
Switch အချင်းချင်းချိတ်ထားတဲ့ Trunk link အားလုံးကို Etherchannel ဖြစ်အောင် အောက်ကအတိုင်း Configuration ချပေးရတယ်
interface range gigabitethernet0/1-4
channel-group 1 mode on
ဒါဆိုရင် ရပြီ။
Etherchannel feacture မပါတဲ့ ရိုးရိုး Unmange Switch မှာတော့ အဲ့ဒီလို ကြိုးတွေ အများကြီးနဲ့ Switch အချင်းချင်းကို သွားမချိတ်နဲ့။ သေချာတယ်။ Network တစ်ခုလုံး Down သွားလမ့်မယ်။
Cisco Management Switch တွေလည်း Switch အချင်းချင်း ချိတ်တဲ့ TrunkLink အတွက် ကြိုးအများကြီး သုံးထားပြီး EtherChannel Configurartion မလုပ်ထားရင် STP effect ၀င်သွားလိမ့်မယ်။ STP effect ၀င်ရင် TrunkLink မှာ ကြိုးတစ်ကြိုးဘဲ အလုပ်လုပ်ပြီး ကျန်တဲ့ ကြိုးတွေက ရိုးရိုး backup အနေနဲ့ဘဲ ရှိနေလိမ့်မယ်။ အလုပ်လုပ်တဲ့ ကြိုးတစ်ကြိုး down သွားမှသာ ကျန်တဲ့ Backup ကြိုးတစ်ကြိုးက အလုပ်ထ လုပ်လိမ့်မယ်။ ဆိုရရင် Etherchannel configuration မလုပ်ထားရင် STP effect ၀င်မယ်။ဒါဆို TrunkLink တွေမှာသုံးတဲ့ ကြိုးတွေအားလုံးက တပြိုင်နက်တည်း အလုပ်လုပ်နေမှာ မဟုတ်ဘူး။ ကြိုး တစ်ကြိုးကဘဲ အလုပ်လုပ်မယ်။ တစ်ကြိုး down မှ နောက်တစ်ကြိုးက ထ အလုပ်လုပ်မှာ။ တိုတိုပြောရရင်တော့ Trunk Link တွေအတွက် ကြိုးတွေ အများကြီး သုံးထားရင် EtherChannel Configuration လုပ်ရမယ်။ ။မလုပ်ထားရင် STP effect ၀င်မယ်။