အရင်တုန်းကတော့ VLAN ခွဲတယ်။ VLAN သုံးတယ်ဆိုပြီး ကြားကြားနေတာဘဲ။ ဘာလဲတော့ မသိဘူး။ VLAN အကြောင်း ပထမဆုံး စကြားဖူးတာက ကျွန်တော့် Senior တစ်ယောက်စီကပါ။ သူက Project တစ်ခု လုပ်ရတယ်။ Internet လိုင်းကို Control Room မှာ Server ထိုင်ပြီး Switch တွေကဗန တဆင့် internet လိုင်းကို Condominium အခန်းတွေမှာ ပေးဖို့ပါ။ ADSL တစ်လိုင်း ယူလိုက်တယ်။ပြီးတော့ NAT နဲ့ Routing ကို Server တစ်လုံးက လုပ်ပြီး Switch တစ်ခုကို ချိတ်လိုက်တယ်။ထို Switch ကနေတဆင့် အိမ်တွေဆီကို ပေးတယ်။ ပြသနာက အခန်းတစ်ခန်းမှာရှိတဲ့ Computer က တခြား အခန်းက Computer တွေကိုပါ MyNetwork Place ထဲမှာ တွေ့နေရတယ်။ အဲ့ဒီလိုဆိုတော့ Security ဘယ်ကောင်းတော့ မလဲ။ဒါကြောင့် ကျွန်တော့် Senior က VLAN ခွဲပြီးတော့ အခန်းတွေကို ပေးမယ်တဲ့။ ဒါဆိုရင် အဆင်ပြေနိုင်တယ်တဲ့။အဲ့ဒီ အချိန်ကျမှ VLAN ကို စ ကြားဖူးတာပေါ့။ အဲ့ဒီ အချိန်တုန်းကတော့ ကျွန်တော်က VLAN ခွဲ ရင် အဆင်ပြေမယ် လောက်ဘဲ သိခဲ့တယ်။ ဘယ်လို ခွဲပေးရမလဲဆိုတာတော့ မသိခဲ့ဘူး။ ကုန်ကုန်ပြောရရင်တော့ VLAN ဆိုတာ အရှည်ကောက် Virtual LAN ဆိုတာထက် ပိုမသိခဲ့ဘူး။ ဘာဆိုဘာမှ မသိခဲ့ဘူးပေါ့။ internet က တက်ရှာတော့လည်း နားလည် သလို နားမလည်သလိုနဲ့ နားမလည် ခဲ့ပါဘူး J ။ နောက်တော့မှ Cisco Official Guide တွေ ဖတ်ပြီးမှ တဖြည်းဖြည်း နားလည်သလိုလို ဖြစ်လာတာ။ Configuration ချပုံ သိမှ နားလည်သွားတာ ။(တော်သေးတာပေါ့ နားလည်သွားလို့။နို့မဟုတ်ဆို ဘယ်လောက်ထိ ရှည်ကြောအုံးမလဲမသိဘုး J )
VLAN ဆိုတာကို ကျွန်တော် သိသလောက် ပြောကြည့်မယ်နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့။ ဘုရားရှင် တောင် ဟောထားတာဘဲ။ အရာအားလုံးကို ကိုယ်ပိုင်ဥာဏ်နဲ့ ချင့်ချိန်ပြီး ယုံပေါ့။ ဆက်ဖတ်ဖို့တော့ တော်တော် အားတက်သွားမယ်ထင်တယ်။ကဲ စရွှီးပြီ။အော်…မှားလို့…စပြောပြီ။
VLAN ဆိုတာက Virtual LAN ပါ ။အဲ့ဒီမှာ စတွေ့တာဘဲ။ မီးပြတ်သွားပြီ။ နောက်မှ ဆက်ရေးတော့မယ်။
ပြန်လာပြီ။ မီးကော ကျွန်တော်ရော။
Example တစ်ခုနဲ့ စလိုက်ကျရအောင်။ 16 port switch တစ်ခုရှိတယ်။ manage switch ပေါ့။ manage switch မှသာ VLAN function ပါတာနော်။ ကျွန်တော်တို့ ဆိပ်ကမ်းသာလမ်းမှာ ၀ယ်ဝယ်နေတဲ့ Switch တွေက unmanage Switch တွေ။ Port တွေကို VLAN ခွဲလို့မရဘူး။ ဆိပ်ကမ်းသာလမ်းမှာ Manage Switch တွေတော့ရှိပါတယ်။ ရှားလည်းရှား ဈေးလည်းကြီးတယ်လေ။ ထားလိုက်ပါတော့။
VLAN Function ပါတဲ့ Manage Switch တွေမှာ VLAN ကို configuration ရင် ဒီလို ချပေးရတယ်။ ဘယ် Switch Port တွေကို ဘယ် vlan ထဲ ထည့်မှာဆိုပြီး ချပေးရတယ်။ vlan နံပါတ် တစ်ခုထဲ ထည့်လိုက်တဲ့ port တွေဘဲ အချင်းချင်း ဆက်သွယ်လို့ရတော့တယ်။ တခြား vlan မှာ ရှိနေတဲ့ port နေနဲ့ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး ( Intervlan Routing လုပ်ထားမှသာရမယ်။ ထို့အတွက် Layer 3 switch or router လိုမယ်။ ဒါကိုတော့ နောက်မှ ပြောမယ်လေ။ ဆက်သွယ်လို့ မရဘူးလို့ဘဲ ခဏမှတ်လိုက်တော့) ဥပမာ

Switch A မှာ port 1 နဲ့ port 2 ကို vlan 10 ထဲထည့်ထားတယ်။ port 11 နဲ့ port 21 ကို vlan 20 ထဲထည့်ထားတယ်။ အဲ့ဒီလို ထည့်လိုက်တဲ့ အတွက်ကြောင့် vlan 10 သတ်မှတ်ထားတဲ့ Port မှာ ချိတ်ထားတဲ့ AC1 နဲ့ AC2 computer နှစ်လုံးအချင်းချင်းဘဲ ဆက်သွယ်နိုင်တယ်။AC1 နဲ့ AC2 computer တို့ရဲ့ MyNetworkPlace မှာ MEC1 နဲ့ MEC2 ဆိုတဲ့ Computer တွေလာ ပေါ်နေမှာ မဟုတ်ဘူး (MEC computer တွေကို AC computer တွေသုံးတဲ့ NetID နဲ့ တူတူပေးထားရင်တောင် ပေါ်မှာမဟုတ်ဘူး။ vlan ခွဲရင် သတ်မှတ်ချက်တစ်ခုရှိတယ်။ vlan တစ်ခုအတွက် NetID တစ်ခု သုံးပေးရမယ်။ ဆိုတာက ဒီ Example မှာဆို vlan 10 port တွေကို ချိတ်ထားတဲ့ computer တွေကို ပေးရမယ့် IP ရဲ့ NetID က 192.168.10.x network ဖြစ်ရင် vlan 20 port ချိတ်ထားတဲ့ Computer တွေကို IP ပေးရင် 192.168.10.x network မဖြစ်ရဘူး။ တခြားတခုခု ဥပမာ 192.168.1.x ဆိုတာမျိုးဘဲ ဖြစ်ရမယ်။ NetID မတူရဘူး။
သွားတူနေရင် ဘယ်အချိန်မှာ ပြသနာ ဖြစ်မလဲဆိုရင် မတူညီတဲ့ vlan အချင်းချင်း ဆက်သွယ်ရင် (intervlan routing) ပြသနာဖြစ်မယ်။ gateway IP ဆီ data ပို့ရကောင်းမှန်း မသိတော့လို့။ ဒါကိုတော့ intervlan routing post မှာဘဲ အသေးစိတ် ဆက်ရေးတော့မယ်။
Switch B မှာ လည်း port တွေကို vlan သတ်မှတ်ထားတယ်။ port 14 နဲ့ 12 ကို vlan 20, port 4 နဲ့ 8 ကို vlan 10 စသည်ဖြင့်သတ်မှတ်ထားတယ်။ ဒါဆို Switch နှစ်ခုလုံးမှာ vlan တူတဲ့ port အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်တယ်။ ဥပမာ Switch A မှာရှိတဲ့ AC1 computer တစ်လုံးက AC2 computer နဲ့ရော တခြား Switch B ရဲ့ AC3,AC4 နဲ့ရောဆက်သွယ်နိုင်ပြီ။ AC3,AC4 computer တွေက AC1 computer ချိတ်ထားတဲ့ port နဲ့ vlan တူတူ ဖြစ်နေလို့ ဆက်သွယ်နိုင်တယ်။AC1 computer ရဲ့ My Network Place မှာ AC2,AC3,AC4 computer တွေဘဲ ပေါ်နေမယ်။ vlan မတူတဲ့ MEC1,MEC2,MEC3,MEC4 computer တွေတော့ ပေါ်နေမှာ မဟုတ်ဘူး။ အပေါ်က ပုံကို logically အရ ကြည့်ရင် အောက်က ပုံစံအတိုင်း ဖြစ်သွားတယ်။

VLAN 20 Port ချည်းဘဲပါတဲ့ logical Switch က နှစ်ခု။(Switch A,Switch B, အပေါ်ပုံ)
VlAN 10 Port ချည်းဘဲပါတဲ့ logical Switch က နှစ်ခု။(Switch A,Switch B, အောက်ပုံ)
ဆိုပြီး Physical Switch ၂ လုံးကနေ Logical Switch ၄ လုံး ဖြစ်သွားလိမ့်မယ်။ vlan 10 နဲ့ vlan 20 port တွေက Link လုံးဝ မရှိဘူးဆိုတာ ဒီပုံ ကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်း သိမယ်ထင်တယ်။
Vlan Function ပါတဲ့ Switch တွေမှာ default configuration က port အားလုံးကို vlan 1 ထဲမှာ ထည့်ထားပေးတယ်။ဒါကြောင့် ထို Switch ကို default configuration အတိုင်းသုံးမယ်ဆိုရင် Port တိုင်းဟာ vlan 1 ဖြစ်နေတဲ့အတွက် ဘယ် port မှာဘဲ Computer လာချိတ်ချိတ် ချိတ်သမျှ Computer အားလုံး ဆက်သွယ်နိုင်လိမ့်မယ်။
Cisco Switch တွေမှာ Command Line interface (CLI) နဲ့ port နံပါတ် ၁ ကို vlan 10 ထဲသွင်းချင်ရင် အောက်ပါ command ရိုက်ထည့်ပေးရတယ်။
Interface fastethernet 0/1
Switchport mode access
Switchport access vlan 10
ခု VLAN function ပါတဲ့ Switch တွေမှာတော့ Web Configuration ကို Support လုပ်ကြတယ်။ Web browser ကနေ Switch ရဲ့ IP ကိုထည့်။ဒါဆိုရင် Switch ကို configuration ချဖို့ webpage တက်လာလိမ့်မယ်။ Vlan assign လုပ်ခွင့်ပေးတဲ့ webpage ကို သွားလိုက်။ ထို webpage မှာ switch တွေရဲ့ ရှိသမျှ interface (port) တွေကို List လုပ်ထားတယ်။ ပြီးတော့ port တစ်ခုချင်းစီရဲ့ ဘေးမှာ ထို port ကို ဘယ် vlan ထဲ ထည့်မလဲဆိုတာ လွယ်လွယ် ကူကူ နဲ့ရွေးလို့ရတယ်။