Fibre အကြောင်းကိုတော့ ပြောချင်ပါတယ်။ အရမ်း သိလို့တော့ မဟုတ်ပါဘူး။လုံးဝ မသိတဲ့သူတွေကို ကျွန်တော့်လောက်တော့ သိစေချင်လို့ပါ။
Fibre ကြိုးကတော့သိပြီးသားဖြစ်မှာပါ။ ဖန်တွေနဲ့ အဓိက လုပ်ထားတာပါ။ ကျွန်တော်တို့ Fiber သင်တန်းတက်တုန်းက Fiber ကိုင်ရမှာ တော်တော်ကြောက်တာဗျ။ ပြောကြတာက Fiber စူးရင် ဖန်စက အသားထဲဝင်ပြီး သေတတ်တယ်တဲ့။ နောက်ပြီး Laser ထွက်နေတဲ့ Fiber ကို ကြည့်မိရင်လည်း မျက်စိကန်းတတ်တယ်တဲ့။ ဘယ်တစ်ခုမှ မသက်သာဘူး။ သင်တန်းမှာ Fiber ကိုင်သွားပြီးလို့ ညဖက်ကျ အိပ်ရင် ဟိုနားက စူးနေသလို ဒီနားက စူးနေသလိုလိုနဲ့။ မျက်စိက ဘဲဝါးလာသလိုလို။သင်တန်းပြီးသွားတော့ ကိုယ့်ကိုကို ပြောမိတယ်။ ငါ မသေသေးဘူးပေါ့။
Fiber ကို ဘယ်အချိန်မှာ အများဆုံးသုံးသင့်သလဲဆိုတော့။ကျွန်တော်တို့တွေ Building တစ်ခုနဲ တစ်ခုနဲ့ Network ချိတ်ရမယ်ပေါ့။ ထို Buidling နှစ်ခုက meter 400 ကွာတယ်ဘဲဆိုပါဆို့။ Copper Cable သုံးမယ်ဆိုရင် အဆင်မပြေဘူးလေ။ CopperCable က meter 100 လောက်ထိဘဲ ရတယ်ဆိုတော့။ ဖြစ်အောင်လုပ်ချင်ရင်တော့ Switch တွေကို ကြားမှာ Repeater အနေနဲ့ ခံသုံးပြီး ချိတ်သွားမယ်ဆိုရင်တော့ ရတာပေါ့။ Switch တွေကို မိုးမပတ်အောင်၊ ရာသီဥတု ဒဏ်ခံနိုင်အောင်တော့ လုပ်ပေးဖို့တော့ လိုမှာပေါ့။
Fiber နဲ့ Building နှစ်ခုကို ချိတ်ပေးလိုက်ရင်တော့ပိုအဆင်ပြေတာပေါ့။ ရေရှည်ပိုကောင်းတာပေါ့။ဈေးကတော့ ကြီးလိမ့်မယ်။
ဒီ Case မှာတော့ ကျွန်တော်တို့ Fiber ကြိုးဘဲသုံးရအောင်။ Fiber ကြိုးဝယ်မယ်ဆိုရင် ကြိုးအမျိုးအစား နှစ်မျိုးရှိတယ်။ Multimode fiber ၀ယ်မှာလား။ Single Mode Fiber ၀ယ်မှာလားဆိုပြီး။ မိမိဆွဲမယ့် အကွာအဝေးက meter 500 အောက်ဘဲ ရှိမယ်ဆိုရင် Multi mode fiber ကို သုံးသင့်တယ်။ မိမိဆွဲမယ့် အကွာအဝေးက meter 500 အထက် ရှိမယ်ဆိုရင် Single mode fiber ကိုသုံးသင့်တယ်။ Multimode Fiber က Single Mode Fiber ထက်ပို ဈေးသက်တာတယ်။ ပြီးတော့ ထပ်သိရမှာက Multimode fiber,Singlemode fiber ဆိုတာ Fiber မျှင်တစ်ခုကို ပြောတာ။ Fiber Core လို့လည်းခေါ်တယ်။Mutimode အမျိုးအစား Fiber မျှင်ရဲ့ အချင်းက 50nm/62.5nm ရှိတယ်။ SingleMode အမျိုးအစား Fiber မျှင် မှာဆို Fiber မျှင်ရဲ့ အချင်းက 10nm လောက်ဘဲရှိတယ်။Multimode Fiber အမျှင်ထက် ပိုကျည်းတာပေါ့။ ပိုကျဉ်းတော့ အလင်းက ထို Fiber မျှင်မှာ ဖြတ်တဲ့အခါ ဝေးဝေးသွားနိုင်တယ်။တနည်းအားဖြင့် Fiber ကြိုးရှည်ရှည် ဆွဲလို့ရတာပေါ့။
Fiber တစ်ကြိုးမှာ Fiber မျှင်တွေ တစ်ခု ထက်မက ပါတယ်။ 4 core fiber cable ဆိုတာက Fiber Cable မည်းမည်း ကြီးကို ခွဲလိုက်ရင် အထဲမှာ fiber core (fiber အမျှင်) လေးပင်ကိုတွေ့လိမ့်မယ်။ ထို အမျှင်တွေကို အရောင်တွေ ဆိုးထားတယ်။ ထိုအရောင်ကို ကြည့်ပြီးမှသာ တဘက်ရဲ့ fiber မျှင်ကို နောက်တဘက်မှာ လွယ်လွယ်ကူကူရှာနိုင်မှာလေ။ 4 core fiber မှာ အထဲမှာ fiber အမျှင် ၄ မျှင်ပါတယ်။ တစ်မျှင်ထဲလည်း သုံးနိုင်တယ်။ တခြားအမျှင်တွေကို လိုမှ သုံးလည်း ရတယ်။
ဒါမှမဟုတ် ရှိသမျှ Fiber အမျှင် ၄ ခုကို တပြိုင်နက်တည်း သုံးလို့ရတယ်။ဒီလို Case တွေမှာပေါ့။

Company တစ်ခုက Buidling နှစ်လုံးစလုံးမှာ ရှိတယ်။ Builing တစ်ခုစီမှာ Company ပေါင်း ၄ ခုရှိတယ်။Company တစ်ခုက Building နှစ်လုံးလုံးမှာရှိတယ်။ ပုံမှန် ကျွန်တော်တို့ Copper cable သုံးမယ်ဆိုရင် ကြိုးလေးကြိုး ဆွဲပေးရမယ်လေ။ Building 1 ရဲ့ company A နဲ့ Buidling 2 ရဲ့ company A တို့ရဲ့ Switch နှစ်ခု ကို ချိတ်ဖို့ ကြိုးတစ်ကြိုး။
Building 1 ရဲ့ company B နဲ့Buidling 2 ရဲ့ company B တို့ရဲ့ Switch နှစ်ခု ကို ချိတ်ဖို့ ကြိုးတစ်ကြိုး စသဖြင့် Copper cable ကြိုးလေးကြိုးဆွဲရမယ်။
4 core Fiber cable ကို သုံးမယ်ဆိုရင် Fiber တစ်ကြိုးဘဲ ဆွဲစရာလိုတယ်။ အဆောက်အအုံထဲရောက်မှ Fiber ကြိုးကိုခွဲ။ အထဲမှာ Fiber အမျင် ၄ မျှင်ထွက်လာမယ်။ တမျှင်ကို Company A ရဲ့ Switch တစ်ခုအတွက်သုံး။နောက်တစ်မျှင်ကို Company B ရဲ့ Switch အတွက်သုံး။ ဒါဆို Backbone မှာ ကြိုးတွေအများကြီးဆွဲစရာမလိုတော့ဘူး။
Copper Cable မှာ Network ခေါင်း RJ45 ကို သုံးသလိုဘဲ Fiber မှာ အသုံးများတဲ့ Network ခေါင်း အမျိုးအစာ3း မျိုးရှိတယ်။အဲ့ဒါတွေက LC,SC,MTRJ ။Fiber မှာ Fiber ခေါင်း ညှပ်ကြတာရှားတယ်။ fiber connector မညှပ်ကြဘဲ Fiber မျှင်ကို ဆက်ကြတယ်။ ဘယ်လိုလဲဆိုရင် Fiber ခေါင်းတဘက်ညှပ်ပြီးသား ကြိုးကိုဝယ်တယ်။ နောက် တဘက်က မညှပ်ရသေးဘူးပေါ့။ Fiber မျှင်ဘဲရှိတာပေါ့။အဲ့ဒီလို Cable ကို Pigtail လို့လည်းခေါ်ကြတယ် ။ ထို မညှပ်ရသေးတဲ့ Fiber မျှင်နဲ့ Fiber ကြိုးခွဲလို့ထွက်လာတဲ့ Fiber မျှင်တစ်ခုနဲ့ ဆက် တယ်။ဆက်ပုံ ဆက်နည်း နှစ်နည်းရှိတယ်။ တစ်နည်းက Mechanical Splice ဆက်တာ။ ဆက်ဖို့ အတွက် tool တွေမလိုဘူး။ လက်နဲ့ ဆက်တာ။ သိပ်တော့ Reliability မဖြစ်ဘူးပေါ့။
နောက်တစ်နည်းက စက်နဲ့ fiber အမျှင် နှစ်ခုကို ဆက်တာ။ ဘာ စက်ကို သုံးပြီး ဆက်လဲဆိုရင် Splicing Machine ဆိုတဲ့ စက်ကို သုံးပြီး ဆက်တာ။ထိုစက်ကိုဘဲ သိန်း ၅၀ လောက်ပေးရတယ်။ Fusing Splice လုပ်တယ် လို့ခေါ်တယ်။
Copper Cable မှာ Network ကြိုးတွေ အထဲမှာ ပျက်နေလား ဆိုတာကို သိချင်ရင် Cable Tester ကို သုံးရသလိုဘဲ Fiber မှာဆို Power Meter ကို သုံးပေးရတယ်။
Power Meter ပုံ။
Power meter မှာ Device နှစ်စုံ ရှိတယ်။ Transmit device နဲ့ Receive device။ဘယ်လို ကြိုးကောင်းမကောင်းစမ်းလဲဆိုရင် အရင် Transmit device ကို fiber အမျှင် တဘက် အစမှာ တပ်။ ပြီးရင် Transmit device က Fiber မျှင်မှာ Power တစ်ခု လွှတ်လိုက်တယ်။ အဲ့ဒီ power က Fiber ကြိုးတလျောက်မှာ တဖြည်းဖြည်း လျော့သွားတယ် (Loss ဖြစ်သွားတယ်ပေါ့) ။ Receive device က နောက် ကြိုးအဆုံးဘက်မှာ တပ်ပြီး Transmit device လွှတ်လိုက်တဲ့ power ဘယ်လောက်လျော့သွားလဲဆိုတာကို တိုင်းတယ်။ Fiber cable ရဲ့ အကွာအဝေးကြောင့် ကျတဲ့ power loss ဘဲ ရှိမယ်ဆိုရင် Fiber ကောင်းတယ်လို့ သတ်မှတ်တယ်။
Fiber cable တွေရဲ့ သတ်မှတ်ချက်မှာ ဘယ်လောက်အကွာအဝေးရောက်တိုင်း ဘယ်လောက် Power ကျမလဲဆိုတာ ရှိတယ်။
Power Meter (Transmitter) ကနေ Fiber မျှင်ရဲ့ အစတစ်နေရာကနေ fiber မျှင်ထဲ Power ပေးလိုက်တယ်။
Power ကို 10 W ပေးလိုက်တယ်။ Fiber cable ရဲ့အရှည်က 2km ရှိတယ်ဆိုပါတော့။ Fiber မျှင်ရဲ့ သတ်မှတ်ချက်မှာ 1 km တိုင်း Power 2 W ကျခွင့်ရှိမယ်။ ဒါဆို Fiber cable က 2km ရှည်တော့ power က 4 W ကျမယ်။ 10 W နဲ့ transmitter ကလွှတ်လိုက်တော့ 6 W ကျန်မယ်။
ဒါဆို Fiber အဆုံးမှာ Power meter (Receiver) နဲ့ တိုင်းလိုက်လို့ 6W ဘဲလာပြရင် Fiber Cable ကောင်းတယ်လို့သတ်မှတ်နိုင်တယ်။ Power က 6W အောက်ထက် ပိုကျနေရင် Fiber Cable ဆွဲတုန်းက Fiber ခေါက်သွားလို့၊ ဒါမှမဟုတ် Fiber တစ်ခုခုနဲ့ထိပြီးနာသွားတာကြောင့် Power ထပ်ကျသွားတာ ဖြစ်တယ်။
Fiber Troubleshooting device မှာ အသုံးများတဲ့ device တစ်ခုရှိတယ်။ သူ့ကို OTDR လို့ခေါ်တယ်။ သူက Fiber အမျှင်အစ တစ်ခုကို device ထဲထည့်လိုက်တယ်(အရင်ခေါင်းတပ်ပေးရတယ်) ။ ထို OTDR မှာ Display ပါတယ်။ ထို Display က Fiber Cable ဘယ်လောက် အကွာအဝေးမှာ ဘယ်လောက် Power အရမ်းကျသွားလဲဆိုတာကို Loss/Distance Graph နဲ့ ပြတယ်။ Power အလွန်အမင်းကျပြီး နောက်ဆုံး အဆုံးထိကျသွားရင် အဲ့ဒီအကွာအဝေးလောက်မှာ Fiber မျှင်ပြတ်သွားပြီလို့ သိနိုင်တယ်။ OTDR မှာ ထို ပြတ်သွားတဲ့ Distance ကို ကြည့်ပြီး ထိုနေရာမှာ တ၀ိုက်မှာရှိတဲ့ ပျက်သွားတဲ့ Fiber အမျှင်ကို ရှာပြီး ပြန်ဆက်နိုင်တယ်။ တကယ် လက်တွေ့မှာတော့ Fiber ပြတ်တဲ့နေရာကို ရှာဖို့က ခက်တယ်ဆိုတော့ Fiber အမျှင် ပြတ်တဲ့ အပိုင်းပါနိုင်တဲ့ Fiber တစ်ပိုင်းကို ဖြတ်ချလိုက်တယ်။ (ထို ဖြတ်ထားတဲ့ ကြိုးထဲမှာ Fiber ပြတ်တဲ့နေရာတော့ ပါရမှာပေါ့) ပြီးရင် ဖြတ်ထားတဲ့ ကြိုးအရှည်အတိုင်း ကြိုးအကောင်းတစ်ခုကိုယူ။ ပြီးရင် ဖြတ်ထားတဲ့နေရာ နှစ်နေရာ မှာ ဆက်ပေးရမယ်။
အနှစ်ချုပ်လိုက်ရင် OTDR က Fiber cable က ဘယ်လောက်အကွာအဝေး ဘယ်လောက်မှာ ပြတ်နေတယ်ဆိုတာကို ပြပေးတယ်။ ပြီးရင် ဘယ်လောက် အကွာအဝေးမှာ Fiber ခေါက်နေလဲဆိုတာကို ပြပေးတယ်။ ဘယ်လောက် အကွာအဝေးမှာ Fiber နာနေလဲဆိုတာကို ပြပေးတယ်။ ဒါတွေကို OTDR Display မှာပြတဲ့ Power loss ကို ကြည့်ပြီး ဆုံးဖြတ်ရတယ်။
ဟုတ်ပြီ။ ဒါဆိုရင် Builing နှစ်ခုမှာရှိတဲ့ Switch နှစ်ခုကို Fiber cable သုံးပြီးချိတ်မယ်ဆိုတဲ့ Case ကို ပြန်ဆက်ကြရအောင်။Switch တွေမှာ Fiber Connector (SC,LC,MTRJ) တွေ ချိတ်ဖို့ port မပါဘူးဆိုရင် Device တစ်ခု ၀ယ်ဖို့ လိုမယ်။ ထို Device ကို Media Converter လို့ခေါ်တယ်။ ထို Media Converter မှာ Switch နဲ့ ချိတ်ဖို့ RJ45 port နဲ့ Fiber connector ၀င်ဖို့ SC,LC,MTRJ တစ်ခုခု port ပါလိမ့်မယ်။ အနှစ်ချုပ်ပြောရရင် Port နှစ်ခုပါတာပေါ့။ RJ45 port နဲ့ (SC or LC or MTRJ) port ပေါ့။

Media Converter မှာ 100baseFX, 1000BaseLX စသည်ဖြင့် Standard တွေရှိသေးတယ်။ 100baseFX Media Converter မှာဆိုရင် Mutimode Fiber Cable ဘဲ ချိတ်ခွင့်ရှိမယ်။ Speed က 100 Mbps နဲ့ meter 500 ထိဘဲရမယ်။100BaseFX မှာ ကျွန်တော်ပြောတဲ့ အချက်အလက်တွေ ဘယ်လိုသိနိုင်မလဲဆိုရင် 100BaseFX media converter ရဲ့ Specification မှာ ဖော်ပြလေ့ရှိတယ်။ မြန်မာပြည်မှာတော့ Fiber Media Converter ကိုတော့ ဘားလမ်းမှာရှိတဲ့ Access Spectrum မှာဝယ်လို့ရတယ်။ Fiber ကြိုးတွေကို တော့ Yatanarpon fiber company က ထုတ်နေတယ်။ Fiber cable ၀ယ်ရင်တော့ ကျွန်တော်တို့ ဇွန်လွှတ်တဲ့ ရစ်ဘီး အကြီးစားမှာ Fiber cable တွေကို ပတ်ထားတာကို ၀ယ်ရတယ်။ တနည်းအားဖြင့် Drum အလိုက် ၀ယ်ရတာပေါ့။ Drum တစ်ခုမှာ Fiber ကြိုး ဘယ်လောက် Kilometer ပါလဲဆိုတာရှိသေးတယ်။

Media converter မသုံးဘဲ ချိတ်နည်း
တချို့ Switch တွေမှာ GBIC,SFP slot တွေ ပါတာ တွေ့ဖူးကြမှာပါ။ အဲ့ဒီ Slot တွေမှာ fiber port ပါတဲ့ GBIC module , SFP module တွေ တပ်လိုက်ရင် Media Converter တွေခံစရာမလိုဘဲ Fiber connector တွေ Switch ထဲကို တိုက်ရိုက် ထည့်လို့ရသွားမယ်။ SFP module မှာ LC connector တပ်ဖို့ LC port ပါပြီး GBIC module SC/MT-RJ connector port ပါတယ်။
အပြင်မှာ တကယ် လက်တွေ့ ချိတ်ကြတာက Fiber က လာတဲ့ ကြိုးကို Media Converter ထဲ တိုက်ရိုက် မထည့်ကြဘူး။ ODF (optical distribution frame) ထဲမှာ အရင်ထည့်တယ်။ (ODF frame ဆိုတာ သံဘုံးကြီး တစ်ခုပါဘဲ။) ပြီးမှ ထို ODF Frame က port နဲ့ Media Converter ရဲ့ Fiber Port ကို Fiber Patch Cord Cable သုံးပြီး ချိတ်လိုက်တယ်။ ODF ထဲမှာ Fiber cable ကြိုးဝင်တယ်။ ပြီးရင် Fiber ကြိုးကို ခွဲပြီး ထွက်လာတဲ့ Fiber မျှင်နဲ့ ODF ထဲက Fiber မျှင် (pigtail fiber) တို့ကို Splicing လုပ်ပေးရတယ်။အောက်ကပုံမှာ ODF ပါတဲ့ ပုံကိုပြထားတယ်။

(ကျွန်တော်တို့ အထက်ကပုံစံလိုမျိုး builidng တစ်လုံနဲ့ တစ်လုံး Fiber ချိတ်ရမယ်ဆိုရင် OTDR, PowerMeter,Splicing Machine တွေရှိမှ ချိတ်နိုင်မှာလားမေးစရာရှိတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ device တွေက အရမ်းဈေးကြီးတာကိုး။ အဲ့ဒီ Device တွေ မသုံးဘဲနဲ့လည်း Fiber တွေ ချိတ်သုံး နိုင်တယ်။ Pigtail ကြိုးဆက်ရင် Mechanical Spicing နဲ့ ကြိုးဆက်မယ်။ ပြီးရင် ping tail ရဲ့ Fiber connector ကို Media converter ထဲထည့်မယ်။ ပြီးရင် Media connector နဲ့ Switch ကိုချိတ်လိုက်မယ်။ Switch ထဲ ကြိုးရောက်ပြီးတဲ့အခါ ထို Switch မှာ ချိတ်ထားတဲ့ computer နဲ့ တခြားဘက်ရဲ့ Switch မှာ ချိတ်ထားတဲ့ computer တို့ အချင်းချင်း ping ကြည့်လို့ ရရင် Connection ရပြီ။ မရမချင်း Mechanical Splice ပြန်လုပ်။
ဒီလောက်ပါဘဲ။ ကျွန်တော်သိတာလဲ ကုန်ပါပြီ။
ဒီလောက်ပါဘဲ။ ကျွန်တော်သိတာလဲ ကုန်ပါပြီ။