Post အသစ် မတင်ဖြစ်တာတောင် တော်တော်ကြာသွားပြီထင်တယ်။ computer ကြည့်ဖို့ကို ပျင်းနေတာ။ လုပ်နေတာကတော့computerသမား။ ကြီးတော့ ကြီးပွားဦးမယ်။ ထားပါတော့လေ။စာဘက် ပြန်ရွှေ့ရ အောင်။
သူငယ်ချင်းတစ်ယောက်က Wireless အကြောင်း မေးထားတော့ အဲ့ဒါကိုဘဲ အရင်ရေးဖို့ လုပ်လိုက်ပါတယ်။ လေ့လာမိသလောက်ပေါ့။
Wireless Device မှာ Indoor unit နဲ့ outdoor နှစ်မျိုးရှိပါတယ်။ Indoor unit က သိတဲ့ အတိုင်း အထဲမှာ ထားသုံးသင့်တာပေါ့။outdoor unit က အပြင်မှာထားသုံးသင့်တာပေါ့။ Indoor unit က ကျွန်တော်တို့တွေ သုံးသုံးနေတဲ့ wireless router တို့ဘာတို့ပေါ့။ Indoor unit ကိုတော့ အိမ်ထဲဝင်လာတဲ့ internet လိုင်းကို အတွင်းမှာ wireless နဲ့ ပြန်ဖြန့်ချင်တဲ့အခါ သုံးလေ့ရှိပါတယ်။ အင်း မြန်မာလိုရိုက်ရတာ တခါတလေတော့ တော်တော်ခက်တယ်ဗျ။ ကျွန်တော်က စကားသိပ်မပီတော့ မပီတဲ့အတိုင်းရိုက်ရိုက်မိနေလို့ စကားအမှန်ကို ပြန်စဉ်းစားပြီး ပြန်ပြန် ပြင်နေရတယ်။(မြန်မာစာ ညံ့ရင် ညံ့တယ်ပေါ့။မဟုတ်တာ လွှဲချနေပြန်ပြီ။)
Outdoor unit က အပြင်မှာထားတဲ့ unit ပေါ့။ဘယ်တွေမှာ အသုံးများလည်းဆိုတော့ Building နှစ်လုံးမှာရှိတဲ့ nework အချင်းချင်းချိတ်တဲ့အခါ building နှစ်ခုချိတ်တဲ့ Backbone Link ကို ကြိုး (copper cable,fiber cable) မသုံးဘဲ wireless signal သုံးပြီး ချိတ်တဲ့ Case တွေတို့။ Internet ဆိုင်ကနေ ဘေးအိမ်တွေကို Wireless တိုင်ထောင်ပြီး ပေးတဲ့ Case တွေတို့မှာဆိုရင် outdoor unit ကို သုံးရပါတယ်။ outdoor unit တွေကို TPLink Brand တို့၊ Engenius Brand တို့၊ SMC Brand တို့နဲ့တော့ ရန်ကုန်ဈေးကွက်မှာတွေ့ရပါတယ်။ (ရန်ကုန်ဈေးကွက်ဆိုတော့ တခြားဈေးကွက်တွေဘဲသိသလို ပုံနဲ့ J )
Engenius outdoor unit မှာတော့ Water proof နဲ့ Weather proof ဆိုပြီး နှစ်မျိုးလာပါတယ်။ water proof က မိုးရေထဲမှာ wireless device ကို ပစ်ထားလို့ရတယ်။ weather proof ဆိုတာက အပြင်မှာ ပစ်ထားလို့တော့ ရတယ်။ မိုးမစိုအောင်တော့ အမိုးနဲ့တော့ ထားပေးရတယ်။ မိုးနည်းနည်းထိရင်တော့ ရတယ်။
Water proof ကိုတော့ fully outdoor unit လို့လည်း ပြောကြတယ်။ weather proof ကိုတော့ semi outdoor unit လို့ခေါ်ကြတယ်။ Engenius Outdoor unit တွေရဲ့ specificataion မှာ water proof လား။ weather proof လားရေးထားလေ့ရှိတယ်။
Wireless device တစ်ခုကို function အမျိုးမျိုးနဲ့သုံးနိုင်တယ်။ wireless device က ဘယ် function တွေကို လုပ်ပေးနိုင်လဲဆိုတာ Specification စာရွက်မှာ ကြည့်ပြီး သိနိုင်ပါတယ်။ Wireless device တစ်ခုက အလုပ်လုပ်နိုင်တဲ့ Function ကို Mode ဆိုပြီးတော့လည်းခေါ်ကြတယ်။ မင်း wireless device က ဘာ Mode တွေနဲ့ အလုပ်လုပ်လဲ ဆိုပြီး ပြောကြတယ်။ အဓိကတော့ Mode သုံးမျိုးရှိတယ်။
ရိုးရိုး Access point mode, Wireless Bridge mode, Repeater mode ဆိုပြီးရှိတယ်။ တစ်ချို့ wireless device တွေကတော့ access point mode တစ်ခုကိုဘဲ Support လုပ်တယ်။ တစ်ချို့တွေက mode အားလုံးကို support လုပ်တယ်။ဟုတ်ပြီ။ mode တစ်ခုချင်းစီက ဘယ်လို အလုပ်လုပ်လည်းဆိုတာကြည့်ရအောင်။

အပေါ်က Wireless device ကို Access Point Mode နဲ့ ထားထားတာကို ပြထားတာပါ။ Wireless deviceကို access mode အနေနဲ့ သုံးတယ်ဆိုတာက သူ့မှာ ကြိုးနဲ့ချိတ်ထားတဲ့ Computer တွေကို သူ့ကို wireless နဲ့ချိတ်ထားတဲ့ computer တွေနဲ့ ချိတ်ဆက်လို့ရအောင် လုပ်ပေးတာပါ။ ကျွန်တော်တို့ အများဆုံးအသုံးပြုနေတဲ့ mode တစ်ခုပါ။ ကြုံတုန်း တစ်ခု ပြောချင်ပါတယ်။ Wireless Router နဲ့ Wireless Access Point (WAP) ဆိုတာကိုပါ။ ကျွန်တော် network စလုပ်တော့ wireless router device နဲ့ wireless access point device ဘာကွာမှန်းမသိပါဘူး။ တူတူဘဲထင်လို့ ခေါ်ချင်သလိုခေါ်ခဲ့ပါတယ်။ နောက်မှ internet ပေါ်မှာ တက်ရှာရင်း သိလာတာက ဒီလိုပါ။
Wireless Access Point က WAN port မပါဘူး။ LAN port ၁ ပေါက်ဘဲပါတယ်။
Wireless Router က သူ့ထက်ပိုသာတယ်။ LAN port အပြင် WAN port ပါပါတယ်။ အဓိကတော့ internet line ကို sharing ပေးနိုင်တဲ့ function ပါလာတာပေါ့။ Technology အရပြောရင်တော့ NAT function ပါလာပါတယ်။ ကျွန်တော်တို့တွေ WAN port မှာ ပေးထားတဲ့ IP တစ်ခုတည်းကိုဘဲ LAN port မှာရှိတဲ့ Computer အားလုံးက ယူသုံးပြီး internet ကို access လုပ်တဲ့ technology ပါ။ NAT ထက်စာရင် PAT (Port address Translation) or NAT overload လို့ ပြောရင် ပိုမှန်ပါတယ်။ Source IP အပြင် လိုအပ်ရင် Source port ပါ change ပေးသွားတဲ့ technology မို့လို့ပါ။ ထားလိုက်ပါတော့။ ဆက်ပြောရင် ဆက်မဖတ်ဘဲနေတော့မယ်။
Bridge Mode

Bridge Mode ကို Wireless Distribustion System (WDS) လို့လည်း ခေါ်ပါတယ်။ WDS ကိုတော့ အဓိကတော့ outdoor unit အနေနဲ့ သုံးကြတာများတယ်။ ခြားနေတဲ့ Building နှစ်ခုရဲ့ Network နှစ်ခုကို wireless နဲ့ ချိတ်တဲ့ အခါကျရင် ထို Mode ကို သုံးကြတယ်။ သုံးတဲ့ antenna က omin atenna ထက်စာရင် directional antenna ကို ပို အသုံးများတယ်။အောက်ကပုံလို။
Repeater Mode
Repepater mode က Signal ကို အဝေးပိုရောက်အောင် ချဲ့ချင်တဲ့ အခါကျရင်သုံးပါတယ်။ တချို့ Repeater mode တွေက WPA နဲ့ Encryption လုပ်ထားတဲ့ singal ကို Repeat လုပ်နိုင်စွမ်းမရှိပါဘူး။ ဆိုတာက Wireless Signal တစ်ခုကို WPA နဲ့ encrypt လုပ်ပြီးလွှင့်နေတာကို Wireless device တစ်ခုကနေ Repeater mode အနေနဲ့ signal range ကို ပြန်ချဲ့မယ်ဆိုရင် မရပါဘူး။ ပြန်ချဲ့ချင်တယ်ဆိုရင်တော့ မူရင်း လွှင့်နေတဲ့ Wireless device ရဲ့ Encryption ကို WEP ပြန်ပြောင်းပေးမှဘဲ ရပါလိမ့်မယ်။ ကျွန်တော်ဖြစ်ဘူးတယ်။ TPLink outdoor unit ကို Repeater mode အနေနဲ့ သုံးတုန်းကပေါ့။ TPLink outdoor unit က Repeater mode အနေနဲ့ သုံးထားရင် WEP encryption ကိုသုံးထားတဲ့ signal ကိုဘဲ Repeat လုပ်နိုင်တယ်။ WPA1 encryption ဖြစ်ဖြစ် WPA2 encryption ဖြစ်ဖြစ် သုံးထားတဲ့ singal ကို Repeat မလုပ်နိုင်ဘူး။TPLink Wireless device ရဲ့ Repeater mode က WEP encryption ဘဲ Repeat လုပ်နိုင်တော့ မူရင်း device ရဲ့ signal encryption ကို WEP ပြန်ပြောင်းပြီးမှဘဲ ချိတ်လို့အဆင်ပြေသွားတယ်။ WEP encryption က ဖောက်ဖို့လွယ်တော့ မထားသင့်ပေမယ့်လည်း ထားခဲ့ ခဲ့ရပါတယ်။
တချို့ wireless device တွေက Bridge mode ကော repeater mode ပါ နှစ်ခုလုံးလုပ်နိုင်တဲ့ WDS with Access Point ဆိုတဲ့ function ပါပါတယ်။ Belkin Wireless device မှာဆိုရင် ထို mode ကို universal range extender ဆိုပြီးခေါ်ပါတယ်။
ကျွန်တော်ခုပြောနေတာတွေက Wireless device တစ်ခုကို ဘယ်ပုံဘယ်နည်းနဲ့ အသုံးပြုနိုင်တယ်ဆိုတာကို သိအောင် ပြေတာပါ။ device တစ်ခုနဲ့ တစ်ခု ပေါ်မှာ မူတည်ပြီး configure ချပုံ ချနည်း၊ mode တွေကို ခေါ်ပုံ ခေါ်နည်း ကွာပါတယ်။
Infrastrcture Mode ဆိုတာ ဘာလဲ။ Adhoc Mode ဆိုတာ ဘာလဲ။
Computer နှစ်လုံး ကြိုးမဲ့ (wirless) ဖြင့် ချိတ်မယ်ဆိုရင် နှစ်နည်းဖြင့် ချိတ်ဆက်နိုင်တယ်။
ကြားက wireless device မလိုဘဲ computer အချင်းချင်း တိုက်ရိုက်ချိတ်ဆက်တဲ့နည်း။ (Adhoc Mode) နဲ့
Wireless device ကနေတဆင့် ချိတ်ဆက်နည်း (Infrastructure Mode)

တနည်းအားဖြင့် ပြောရင်တော့ Computer တွေအချင်းချင်း ချိတ်ဆက်တဲ့အခါ ကြားခံ Wireless device တစ်ခုခုကို အသုံးပြုရရင် Infrastructure Mode ပါ။ ခုကျွန်တော်ပြောတဲ့ အကြောင်းအရာတွေအားလုံးက Infrastructure mode ကို အခြေခံပါတယ်။