CCNA Exam ဖြေမည့်သူများအတွက် လမ်းညွှန်
CCNA Exam ဖြေရန် Myanmar Inspiration (ICT Parkထဲရှိ) တွင် Exam Fees+Center fees စုစုပေါင်း ၃၂၀,၀၀၀ ကျပ်ပေးသွင်းရပါတယ်။ သတိပြုရမှာက မြန်မာငွေသာ လက်ခံပါတယ်။ ကျွန်တော်ဖြေတုန်းကတော့ Registration error, ဖြေတဲ့သူတွေများနေလို့ဆိုပြီး တပတ်ပြီး တပတ်ချိန်းတာ ငွေသွင်းပြီး တစ်လခွဲလောက် တော့မှ ဖြေရပါတယ်။ ထားလိုက်ပါတော့။
CCNA ဖြေရင် Exam time က မြန်မာပြည်မှာ 2 hour လောက်ရတယ်။ English စကားပြောတဲ့ နိုင်ငံတွေမှာတော့ 1 ½ လောက်ဘဲ ရပါတယ်။ Exam ဖြေတဲ့အချိန်ကျရင် Exam မစခင် Cisco က Question Type တွေကို ဘယ်လို ဖြေရလဲဆိုတာ နမူနာ လုပ်ပြပါတယ်။ Try Button ဆိုတာကို နှိပ်ပြီးတော့လည်း ကိုယ်တိုင်ကိုယ်ကျ နမူနာ မေးခွန်းတွေကို ဖြေကြည့်လို့ရပါတယ်။
Exam မဖြေခင် နှစ်ရက်အလိုမှာ မိမိဆီ ဘယ်နေ့၊ ဘယ်အချိန် ဖြေလို့ရပြီဆို တဲ့ Mail တစ်စောင် ၀င်လာပါလိမ့်မယ်။
CCNA Exam မှာက Microsoft မေးခွန်းတွေလို Back ကို နှိပ်ပြီး ပြန်သွားလို့မရပါဘူး။ တနည်းအားဖြင့် မိမိ ဖြေခဲ့တဲ့ အပုဒ်တွေကို နောက်တစ်ကြော့ ပြန်စစ်လို့မရပါဘူး။
CCNA Question type က True or False မပါဘူး။ Single Choice Question, Multiple Choice Question, Drag and Drop Question, Simulation တွေ ပါပါတယ်။ ကျွန်တော် ဖြေတုန်းကတော့ Drag and drop Question တွေ မမေးသွားဘူး။ အပုဒ်ပေါင်း ၅၃ ပုဒ် ၀န်းကျင် ဖြေရပါတယ်။ အောင်မှတ်က တခါ နဲ့ တခါ မတူပါဘူး။ ကျွန်တော့်တုန်းကတော့ 825 ကို အောင်မှတ်ထားထားပါတယ်။
CCNA Exam ဖြေမယ်ဆိုရင် လေ့လာရမည့် စာများ
CCNA ICND1 Official certification Gudie
CCNA ICND2 Official certification Guide တွေကို ဖတ်ထားသင့်ပါတယ်။
www.4shared.com မှာ download ချယူနိုင်ပါတယ်။ နောက်ဆိုရင်တော့ ကျွန်တော် download ချရမယ့် Link တင်ပေးပါ့မယ်။ Hardcopy ကတော့ အင်းဝ စာအုပ်တိုက် မှာ တစ်အုပ်ကို ကျပ် ၁၀,၀၀၀ ၀န်းကျင်နဲ့ ရရှိနိုင်ပါတယ်။
အချိန်ရရင်တော့ Cisco Network Academy ကို ကြည့်သင့်ပါတယ်။ သူက Flash နဲ့ ရှင်းပြတာ။ ရှင်းပြထားတာ တော်တော်ကောင်းပါတယ်။
ဒါတွေကြည့်ပြီးရင်တော့
www.examcollection.com website မှာ နောက်ဆုံး မေးခွန်းတွေကို Download ချပြီး ဖြေရပါမယ်။ VCE file တွေဖြစ်တဲ့အတွက်ကြောင့် VCE သွင်းထားဖို့လိုပါတယ်။ (ထို VCE file တွေကို Dump တွေလို့လည်း ခေါ်ကြပါတယ်။ )VCE Software သွင်းထားမှသာ မေးခွန်းတွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ VCE Software ကို သွင်းပြီးရင် Crack ဖြည် ပေးရပါတယ်။ မဖြည် ထားရင် ၅ ပုဒ်လောက်ဘဲ ဖြေလို့ရမှာ ဖြစ်ပါတယ်။ Exam တွင် seen မေးခွန်းတွင်ချည်းဘဲ ၈၅% လောက်ပါပါတယ်။ တခါတလေကျရင် ၁၀၀ %တောင် ပါ ပါတတ်ပါတယ်။Simulation type တွေတော့ နည်းနည်း လည့်တတ်ပါတယ်။ Simulation ကို အထူးလုပ်ဖို့ လိုအပ်ပါတယ်။
Self Study ဖြင့် ဖြေဆိုမည့်သူများအနေဖြင့် နည်းနည်း ဒုက္ခတွေ့နိုင်ပါသည်။ ကျွန်တော်လည်း တော်တော် အလုပ်ရှုပ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Exam collection မှာရှိတဲ့ တချို့မေးခွန်း က Ambiguous (ဒိဟ) ဖြစ်စေပါတယ်။ ExamCollection မှာ ထို မေးခွန်း တစ်ခုကိုဘဲ Dump တစ်ခုမှာ တစ်မျိုးဖြေ။ နောက် Dump တစ်ခုမှာ တစ်မျိုး ဖြေထားကြတာကို တွေ့ရမှာပါ။ ဒါပေမယ့် Exam မှာတော့ Ambiguous မေးခွန်းတွေ တစ်ခု တစ်လေ လောက်ဘဲ ပါတတ်ပါတယ်။ သိပ်စိတ်ပူစရာမလိုပါဘူး။ ExamCollection မှာရမယ့် Dump တွေကို ဖြေထားကြတာက TestKing ရှိမယ်။ TestInSide ရှိမယ်။ Pass4sure ရှိမယ်။ Pass4sure က အဖြေတွေက ပိုမှန်တယ်လို့ပြောကြတာဘဲ။ ကျွန်တော်ကတော့ အဲ့ဒီမှာတောင် ၅ ပုဒ်လောက်တော့ အမှားတွေ့တယ်။
www.examcollecton.com အပြင် www.9tut.com ကို ကြည့်ရအုံးမှာဖြစ်ပါတယ်။ အဓိကအားဖြင့် Simulation Question type တွေကို 9tut မှာ ကြည့်ရမှာ ဖြစ်ပါတယ်။9tut website က မေးခွန်းတွေက ၇၀%ပါတယ်လို့ ပြောကြပါတယ်။9tut website မှာ မေးပြီးခဲ့တဲ့ Simulation type လည်းတွေ့ရမှာပါ။ အခု လက်ရှိ update ဖြစ်နေတဲ့(မေးနေတဲ့) Simulation Question type က VTP(switch operation), EIGRP Troubleshooting, Access-list Configuration (9tut မှာ access-list 2 လို့ခေါ်ပါတယ်။ access-list 1 က မမေးတော့ပါဘူး။) ဆိုပြီး သုံးခုရှိပါတယ်။ ကျွန်တော် ဖြေတုန်းကတော့ Access-List configuration ကို လှည့်ထားပါတယ်။ 9tut လိုပုံစံပါဘဲ။ Access-list Configuration ကို တခြားပုံစံ သတ်မှတ်ပေးခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ MY CCNA Exam Experience Post မှာ လေ့လာနိုင်ပါတယ်။
CCNA ဖြေဖို့အတွက် သင်တန်းတွေလည်း အများကြီးရှိပါတယ်။ NetInfo တို့။ Youth တို့။ဘယ်ဟာ ကောင်းလဲဆိုရင် ကျွန်တော်လည်း မတတ်ဘူးတော့ မသိပါဘူး။ NetInfo မှာ တတ်တဲ့ သူငယ်ချင်းတွေက တော့ သူတို့ကို သင်တဲ့ ဆရာက သိပ်မကောင်းဘူးလို့ ပြောတယ်။ နောက် သင်တဲ့ ဆရာ တစ်ယောက်ကတော့ ကောင်းတယ်လို့ပြောတယ်။
CCNA ကို မြန်မာလို ထုတ်ထားတဲ့ စာအုပ်တွေလည်းရှိပါတယ်။ Youth က ဆရာ ဇော်လင်း ထုတ်ထားတဲ့ စာအုပ် နှစ်အုပ် ရှိပါတယ်။ တစ်အုပ်က Theory နဲ့ နောက် တစ်အုပ်က Configuration ပါ။ ICND1, ICND2 တို့လောက် မစုံပေမယ့် လေ့လာသင့်တဲ့ စာအုပ်တွေပါ။
ကျွန်တော်လည်း CCNA မှာ ပါတဲ့ တစ်ချို့လက်တွေ့ အသုံးတည့်မယ့် အကြောင်းအရာတွေကို မြန်မာလို ရေးထားတာ ရှိပါတယ်။ အဓိကတော့ Interactive Training video အခွေလုပ်ထားတာပါ။ Interactive video ခွေတွေတော့ နိုင်ငံခြားက လာတာများပါတယ်။ မြန်မာပြည်မှာတော့ Network နဲ့ ပတ်သတ်လို့ လုပ်ထားတာ မတွေ့သေးပါဘူး။ သင်တန်းတတ်ဖို့ ငွေကြေးအခက်အခဲ၊ အချိန်အခက်အခဲ ဖြစ်နေသူတွေအတွက် တနည်းတဖုံ အထောက်အကူ ဖြစ်ဖို့အတွက် ကျွန်တော် ကြိုးစားပြီး လုပ်ထားတာပါ။ကိုယ်လည်း ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ကိုယ်ချင်းစာပြီး လုပ်ခဲ့တာပါ။ သိပ်တော့ အကောင်းစားကြီးမဟုတ်ပါဘူး။ Professional မကျဘူးပေါ့။ ကျွန်တော်လည်း ရသမျှ အချိန် အတွင်းမှာ ကျွန်တော့် စက် အစုတ်လေးနဲ့ အတူ ကြိုးစားပြီးလုပ်ထားတာပါ။ လိုချင်ရင် ကျွန်တော့်ဆီ Mail နဲ့ အလကား တောင်းနိုင်ပါတယ်။ဒါပေမယ့် size က အရမ်းကြီးနေလို့ ခက်ပါတယ်။ DVD တစ်ချပ်စာ ရှိပါတယ်။ Memory Stick နဲ့ ယူရင်တော့ အဆင်ပြေနိုင်ပါတယ်။ တကယ် လေ့လာမယ်လို့ ဆုံးဖြတ်ထားသူမှသာ ဆက်သွယ်ပေးကြပါ။ သိမ်းထားရုံဘဲ ဆိုရင်တော့ တကယ်ကြည့်မယ့် အချိန်ကျမှဘဲ ဆက်သွယ်ပေးကြပါ။
အရင် ကျွန်တော် Interactive training ကို လုပ်တုန်း ရှင်းပြထားတဲ့ CCNA စာအုပ် (မြန်မာလို) ကို ဒီမှာ Download ဆွဲနိုင်ပါတယ်။
ကျွန်တော်လည်း CCNA Exam Guide လိုက်လုပ်ပေးနေပါတယ်။ ကြော်ဌာဝင်တာပါ။ J
Theory ပိုင်နိုင်ပြီး Configuration များကို ကိုယ်တိုင် ကျွမ်းကျင်စွာ ချနိုင်စေပါမယ်။ တခြား Training Center တွေ မတတ်စရာမလိုဘဲ Exam ဖြေနိုင်အောင် တစ်ဦးချင်း လေကျင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။အဖွဲ့လိုက် အနေနဲ့ လည်း သင်ကြားနိုင်ပါတယ်။ Theory များ မမေ့နိုင်စေရန်အတွက် သင်ကြားပြီး သင်ခန်းစာများကို အခါခါ ပြန်လည် မေးမြန်း ဆွေးနွေးခြင်း ပုံစံဖြင့် သင်ကြားပေးမည်ဖြစ်သည်။
CCNA နှင့် မဆိုင်သည့် တခြား သိချင်သမျှ Server configuration များလည်း အလှည်းသင့်သလို သင်ကြားပေးမည်ဖြစ်သည်။
သင်တန်း အချိန်ကိုလည်း လိုအပ်သလို ညှိုနိုင်းပေးနိုင်ပါသည်။သင်တန်းကြေးကိုလည်း Training Center များထက် လွန်စွာ သက်သာသည့် နှုန်းထားဖြင့် သတ်မှတ် သင်ကြားပေးမှာ ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက 01-73063176 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ [email protected] ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
(ဘာများလဲလို့ကြည့်တာ နောက်ဆုံးတော့ ကြော်ဌာကြီး ဖြစ်နေတာကိုး J )