ဒီတခါတော့ ကျွန်တော် share လုပ်ချင်တဲ့ အကြောင်းအရာက Kerio firewall ပါ။ သူ့အကြောင်း ရေးချင်နေတာကတော့ ကြာပါပြီ။ သူ့မှာ ပါတဲ့ report တွေ feature တွေက မိုက်လို့ပါ။ Microsoft ISA အစား သူ့ကို သုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ Microsoft ISA ထက် သူ့ကို ပိုကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူက Window OS မရွေးဘူး။ ISA လို Window Server OS (Server 2000,2003) တွေမှာဘဲ တင်လို့ရတာ မဟုတ်ဘူး။ ISA လို သူ့ version အလိုက် သွင်းလို့ရမယ့် Window Server OS တွေကိုလည်း စဉ်းစားစရာမလိုဘူး။ Kerio firewall က Window Server OS (Server 2000,2003,2008) အပြင် Window client OS ဖြစ်တဲ့ window XP, window 7 တွေပေါ်မှာ သွင်းနိုင်ပါတယ်။ ISA Server က Window Server OS ပေါ်မှာဘဲ တင်လို့ရတာလေ။
ပြီးတော့ ကျွန်တော်တို့ဆီမှာ internet လိုင်းနှစ်လိုင်းရှိရင်လည်း Computer တစ်လုံးထဲကို လိုင်းနှစ်လိုင်းလုံးဝင်ပြီး ထို computer ထဲမှာ Kerio firewall ကိုသွင်း။ ပြီးတော့ kerio firewall မှာပါတဲ့ load balancing feature ကိုသုံးပြီး internet traffic ကို load balance လုပ်ပေးနိုင်ပါတယ်။ အရင်တုန်းကလို internet နှစ်လိုင်းကို ပေါင်းသုံးချင်လို့ Load balancing router ၀ယ်စရာလည်း မလိုတော့ပါဘူး။ internet လိုင်းကိုလည်း နှစ်လိုင်းထက်ပိုပြီးတော့လည်း load balancing လုပ်ပေးနိုင်ပါသေးတယ်။ Policy Routing ကိုသုံးပြီးတော့လည်း ဘယ် IP range ဆို ဘယ် internet လိုင်းကထွက်၊ ဘယ် range ဆို ဘယ် internet လိုင်းက ထွက်ဆိုပြီးတော့လည်း လုပ်ပေးလို့ရပါတယ်။
အောက်က ပုံမှာ ကျွန်တော် load balancing feature ကို screen shot ဖမ်းထားပါတယ်။ Kerio ရဲ့ Load balancing မှာ failover နဲ့ traffic load balancing ဆိုပြီး နှစ်နည်းရှိပါတယ်။ Failover က internet လိုင်းနှစ်လိုင်းထဲမှ တစ်လိုင်းကိုဘဲ သုံးတယ်။ သုံးနေတဲ့ တစ်လိုင်း down သွားမှ နောက်တစ်လိုင်းကိုသုံးတာ။ Traffic Load balancing ကတော့ internet နှစ်လိုင်းလုံးကို တပြိုင်တည်း သုံးတာ။
download, upload speed ကို ကန့်သတ်ချင်တဲ့ user list ကို Advance ထဲကိုသွားပြီး ထည့်ပေးနိုင်ပါတယ်။ ”IP address group” မှာ Edit နှိပ်ပြီး download,upload speed ကန့်သတ်ချင်(လျော့ချင်)တဲ့ user တွေရဲ့ IP ကိုထည့်ပေးရပါမယ်။ ဒီမှာ တစ်ခုမကောင်းတာက username ပေးလို့မရပါဘူး။ IP ဘဲပေးလို့ရပါတယ်။ ဒါကြောင့် ကိုယ်ပိတ်ချင်တဲ့ user က ဘယ် IP သုံးနေလဲဆိုတာကို လိုက်ရှာကြည့်ရမှာပါ။ (ဘယ်လို ရှာနိုင်လည်းဆိုရင် ဘယ် user က ဘယ် computer က သုံးနေလဲဆိုတာကို Active host မှာ ပြနေမှာပါ။ ထို hostname ကို လှမ်း ping လိုက်ရင် reply from “IP” ကိုကြည့်ပြီး ထို hostname (user) ရဲ့ IP ကို သိနိုင်ပါတယ်။(အကောင်းဆုံးကတော့ DHCP Reservation နဲ့ ဘယ် computer ကို ဘယ် IP ဘဲချပေးမယ်ဆိုပြီး သတ်မှတ်ထားသင့်ပါတယ်။ဒါဆိုရင် user IP ခဏခဏပြောင်းမှာ စိုးရိမ်စရာမလိုတော့ပါဘူး)
ဒီ Bandwidth limiter မှာ သတ်မှတ်ထားတဲ့ upload,download speed က ထိုထဲက user တွေ file download,upload (MP3,video file download) လုပ်မှသာ affect ဖြစ်စေတာပါ။ user က webpage ကြည့်တယ်ဆိုရင်တော့ တခြား user တွေလို ပုံမှန် speed နဲ့ ကြည့်နိုင်မှာပါ။
အောက်ကပုံက upload,download speed ကို ကန့်သတ်ရမယ့်နေရာကို ပြထားတာပါ။ Advance button> Constraints Tab> IP Address Group ထဲဝင်ပြီး speed ကန့်သတ်ချင်တဲ့ user ရဲ့ IP ကိုထည့်ပေးရပါမယ်။
အောက်က ပုံတွေက user တစ်ယောက်ချင်းစီအလိုက် လက်ရှိ ကြည့်နေတဲ့ website ရယ်။ ကြည့်ပြီးသွားတဲ့ website။ download ချသွားခဲ့တဲ့ file တွေရဲ့ location တွေကို ပြပေးနေတာပါ။