အရင် post (VLAN) မှာ VLAN ဆိုတာဘာလဲ။ VLAN တွေကို ဘာအတွက် ခွဲတာလဲ ဆိုတာတွေကို ပြောပြီးပြီ။ ပြောခဲ့တာက Switch တစ်ခုမှာ Vlan တွေဘယ်လို အလုပ်လုပ်လဲဆိုတာကိုပါ။ ခုက Switch နှစ်ခု၊သုံးခုမှာ ဆို vlan တွေက ဘယ်လို အလုပ်လုပ်လဲဆိုတာကို ပြောပြမှာဖြစ်ပါတယ်။
SwitchA ရဲ့ vlan 10 သတ်မှတ်ထားတဲ့ port တွေမှာ AC company က Computer တွေကို ချိတ်ထားကြတယ်။တနည်းအားဖြင့် Vlan 10 မှာ ချိတ်ထားတဲ့ Computer အချင်းချင်းသာ ဆက်သွယ်လို့ရနိုင်တယ်။ AC1 computer က Broadcast data တစ်ခုကို ပို့လိုက်ရင် AC2 computer, AC3 computer, AC4 computer တွေဆီဘဲ ရောက်ရမှာ။ (Broadcast data ဆိုတာ ရှိသမျှ port တွေ အားလုံးဆီကို ရောက်တာ။ Port တွေမှာ Vlan သတ်မှတ်ထားရင်တော့ ပို့လိုက်တဲ့ computer တပ်ထားတဲ့ port မှာသတ်မှတ်ထားတဲ့ vlan နဲ့ တူတဲ့ port တွေဆီကိုဘဲ ပို့ပေးတယ်။) AC1 computer က Broadcast data တစ်ခုပို့လိုက်တယ်ဆိုပါဆို့။ အရင်ဆုံး Data က Switch A ဆီ အရင်ရောက်မယ်။ Switch A က သူ့ဆီ ရောက်လာတဲ့ data က vlan 10 နဲ့ တွဲထားတဲ့ Port က လာတာဆိုတာသိတော့ vlan 10 သတ်မှတ်ထားတဲ့ port တွေဆီကို ပို့ရော။ ဒါဆို Switch A ရဲ့ vlan 10 သတ်မှတ်ထားတဲ့ port 10 ဆီကို Data ကို ပို့ပေးတယ်။ ဒါဆိုရင် AC2 Computer ဆီ ရောက်သွားပြီ။
နောက်တဆင့် အနေနဲ့ Switch A က ထို Broadcast Data ကိုဘဲ Switch B ဆီ ဆက်ပို့တယ်။ Switch B က မိမိSwitch မှာ vlan 10 သတ်မှတ်ထားတဲ့ Port တွေဆီကို ထို data ကို ဆက်ပို့ရမှာ။ Switch B က Switch A ပို့လိုက်တဲ့ data က Switch A ရဲ့ ဘယ် VLAN ကနေပို့လိုက်လဲဆိုတာ သိဖို့လိုတယ်။ ထိုမှသာ Switch B က ထို vlan နဲ့ တူတဲ့ port တွေဆီကို ဆက်ပို့နိုင်မှာ ဖြစ်တယ်။
ဒီ Example မှာဆို Switch B က vlan 10 က လာတဲ့ data မှန်း သိဖို့လိုတယ်။ ထိုမှသာ vlan 10 အဖြစ်သတ်မှတ်ထားတဲ့ Port8 နဲ့ Port 4 ဆီကို Data ဆက်ပို့နိုင်မှာ။ အဲ့ဒီလိုမျိုး Switch B သိအောင်လို့ Switch A က ဘာလုပ်ပေးလဲဆိုရင် ထို ပို့လိုက်တဲ့ data မှာ ဘယ် vlan က လာတဲ့ data ဖြစ်ပါတယ်ဆိုတာကို ပြတဲ့ vlan header (vlan header 10) ကို တွဲပေးလိုက်တယ်။ အဲ့ဒီလို တွဲပေးတာကို tagging လုပ်တယ်လို့လည်း ခေါ်တယ်။ တွဲပေးပြီးမှ ထို data +vlanheader ကို Trunk ကြိုးကနေ Switch B ဆီ ပို့ပေးလိုက်တယ်။ Switch B က ထို vlan header ကို ကြည့်ပြီး သူ့ Switch ရဲ့ ဘယ် vlan port ဆီ ဆက်ပို့ရမလဲဆိုတာ သိနိုင်တယ်။
အဲ့ဒီလို vlan header တပ်ပေးတာကို protocol နှစ်ခုက လုပ်ပေးတယ်။ 802.1Q နဲ့ ISL။ ISL protocol က cisco device တွေမှာဘဲ သုံးတယ်။802.1Q က IEEE Standard ဖြစ်တဲ့အတွက် Device တိုင်း လိုလိုမှာ ပါတယ်။