ကျွန်တော်တို့တွေ Wireless Router တော်တော်များ ကို Configuration ကျရင် SSID ကို တစ်ခုဘဲ သတ်မှတ်လို့ရတာကို တွေ့ရတယ်။ တချို့ Wireless Router တွေမှာကျတော့ SSID အများကြီး ပေးလို့ရတယ်။ ဆိုတာက SSID တစ်ခုကို AC1၊ နောက် SSID တစ်ခုကို AC2, နောက် SSID တစ်ခုကို AC3၊ နောက် SSID တစ်ခုကို AC4 စသည်ဖြင့် ပေးလို့ရတယ်။ ဒါဆိုရင် Laptop တစ်လုံးနဲ့ wireless signal တွေ ဖမ်းကြည့်မယ်ဆိုရင် Computer မှာ SSID လေးခုလာပေါ်လိမ့်မယ်။ AC1,AC2,AC3,AC4 ဆိုပြီး။ အဲ့ဒီ SSID အားလုံးက Wireless Device တစ်ခုကဘဲ လွှင့်နေတာ။ကျွန်တော် အဲ့ဒီ SSID အများကြီး ပေးလို့ရတဲ့ Wireless Device ကို စတွေ့ဖူးတာက Cherry Garden မှာ Wifi Project စလုပ်ဖို့ လုပ်တဲ့ အချိန်။Project က wireless device (SMC model 2890) ကိုသုံးပြီး အိမ်တွေကို Wireless Internet Access ပေးရမှာ။အဲ့ဒီ Wireless device က SSID လေးခုအထိ ပေးလို့ရတယ်။ ပြီးတော့ SSID တစ်ခု ချင်းစီမှာလည်း Security သတ်မှတ်ပေးလို့ရတယ်။ ကိုယ်က SSID တစ်ခုတည်းဘဲ သုံးရင်လည်း ရတယ်။ ကျန်တဲ့ သုံးခုကို diable လုပ်တဲ့ Functoin ပါလာတယ်။
စာအုပ်တွေဖတ်ရင်း SSID တွေ အများကြီး ဘာလို့ ပေးလဲဆိုတာ သိလာတာက ဒီလိုဗျ။
Mutilple SSID ပါတဲ့ wireless device တိုင်းမှာ SSID တိုင်းအတွက် VLAN တစ်ခုသတ်မှတ်ပေးထားရတယ်။ Wireless device ရဲ့ SSID တစ်ခုကို vlan 10 သတ်မှတ်ထားတယ် ဆိုပါတော့။ ထို SSID ကို Test1 နာမည်ပေးပြီး လွှင့်ထားတယ်။ Laptop ငါးလုံးက ထို SSID Test1 ကို Connect လုပ်တယ်။ ထို Laptop ငါးလုံးက ပို့လိုက်တဲ့ data တွေက Wireless Device နဲ့ ချိတ်ထားတဲ့ Switch ရဲ့ Vlan 10 port ကို သုံးထားတဲ့ computer တွေဆီဘဲ ရောက်သွားလိမ့်မယ်။ တနည်းအားဖြင့် ထို computer တွေနဲ့ဘဲ Wireless Laptop တွေက ဆက်သွယ်မူ့ ရရှိနိုင်မယ်။

ပုံကို ကြည့်လိုက်ပါ။ Wireless Device မှာ ACWLAN လို့ ပေးထားတဲ့ SSID ကို vlan 10 သတ်မှတ်ထားတယ်။ ဆိုတဲ့သဘောက SSID “ACWLAN” ကို connect လုပ်ထားတဲ့ Laptop က ပို့လိုက်တဲ့ data ကို Wireless Device က ရရှိပြီး Switch ဆီ ပို့တဲ့အခါ Switch ရဲ့ vlan 10 port တွေဆီဘဲ ရောက်အောင်လုပ်ပေးတယ်။ အသေးစိတ်ပြောရရင် Wireless device က data ကို vlan header 10 တပ်ပြီးမှ Switch ဆီပို့တယ်။
“MECWLAN” လို့ ပေးထားတဲ့ SSID ကို vlan 20 သတ်မှတ်ထားတယ်။
Switch မှာ VLAN 10 port တွေကို သုံးထားတဲ့ AC ရုံးက computer တွေရှိတယ်။
Switch မှာ VLAN 20 port တွေကို သုံးထားတဲ့ MEC ရုံးက computer တွေရှိတယ်။
AC Computer ရဲ့ Laptop တစ်လုံးက “ACWLAN” SSID ကို ချိတ်ပြီး data ပို့မယ်ဆိုရင် Switch ရဲ့ vlan 10 port တွေနဲ့ ချိတ်ထားတဲ့ AC က computer တွေဆီဘဲ data ရောက်မယ်။ Switch ရဲ့ vlan 20 port တွေနဲ့ ချိတ်ထားတဲ့ MEC က computer တွေဆီ data မရောက်ဘူး။
ဒါ့အပြင် Laptop တွေက Wireless device ရဲ့ “ACWLAN” SSID ၀င်ဖို့ security key တစ်ခု။ “MECWLAN” SSID ကိုဝင်ဖို့ security key တစ်ခု သီးခြားစီ ဖြစ်အောင် Wireless device မှာ configuration လုပ်နိုင်တယ်။