Antenna Type
Wirless device တွေမှာ Antenna တွေ တခါတည်း ပါပါတယ်။ Antenna ကနေ data Signal တွေကို ထုတ်လွှတ်တယ်။ Wireless deivice တစ်ခုမှာ ပါတဲ့ Antenna ကို ဖြုတ်လို့၊တပ်လို့ရရင် Detachable antenna လို့ခေါ်တယ်။ ဘာကြောင့် ဖြုတ်လို့ တပ်လို့ရအောင် လုပ်ထားတာလည်းဆိုရင် ကိုယ်က Singal ကို ပိုဝေးဝေးရအောင် လုပ်ချင်တဲ့ အချိန်ကျရင် dbi မြင့်တဲ့ external antenna တစ်ခုနဲ့ ပြောင်းတပ်ပေးနိုင်အောင်လို့ပါ။
Antenna Type နှစ်မျိုးကို အဓိက တွေ့ရတတ်တယ်။ Omini နဲ့ Directional။
Omini ကို omini-directional antenna or dipole လို့လည်းခေါ်ကြတယ်။ Omini antenna တိုင်ရဲ့ အရပ်မျက်နှာ အားလုံး signal ကို လွှင့်ပေးတယ်။
Directional antenna မှာ semi နဲ့ highly ဆိုပြီး နှစ်မျိုးရှိသေးတယ်။ highly ကပို ဝေးဝေးရောက်တယ်။ higly directional antenna တွေအမျိုးအစားထဲက grid အမျိုးအစားကိုတော့ ရန်ကုန်ထဲမှာ တွေ့ရတက်ပါတယ်။ စကာပေါက် စလောင်းပုံစံနဲ့ ပါ။ တခါတလေ တွေ့ဖူးကြမယ်ထင်ပါတယ်။
ကျွန်တော်တို့ တွေ့နေကျ wimax outdoor unit တို့၊ TPLink outdoor unit၊ Broaband WLL unit တို့က directional antenna အမျိုးအစားတွေ။ သူတို့က သူတို့မျက်နှာမူရာဘက်ကိုဘဲ signal ကို လွှင့်တယ်။ ကျွန်တော်အရင်တုန်းက SMC outdoor unit တစ်ခုကို စသုံးရတော့ unit ရဲ့ specification မှာ antenna က 12 dbi ပါတယ်ဆိုတာရေးထားတယ်။ ကျွန်တော်က antenna ဆိုတာ အတိုင်ချောင်း ဘဲရှိတယ်ဆိုတာ သိသေးတဲ့ အချိန်ဆိုတော့ antenna တိုင် ကို လိုက်ရှာတာပေါ့။ ဘယ်မှာလဲ 12dbi antenna ဆိုတာ။ သူတို့ဘဲ ကျန်ခဲ့တာလားပေါ့။ နောက်ကျမှ 12 dbi antenna ဆိုတာ outdoor unit ကိုယ်တိုင်ကို ပြောတာဆိုတာ သိသွားတာ။ technically အရပြောရင်တော့ TPLink outdoor unit တို့၊ Wimax တို့က patch antenna type ,semi diectioanl antenna အမျိုးအစားတွေပါ။ ကျွန်တော်တို့ ၀ယ်လို့ရတဲ့ outdoor unit တွေက သူတို့ကိုယ်တိုင်က antenna ဖြစ်နေပါတယ်။ directional အမျိုးအစားတွေပါ။ Unit မျက်နှာမူရာ တဘက်တည်းကိုဘဲ signal လွှတ်ပါတယ်။ ဘေးပတ်လည်ချာကို signal လွှတ်ချင်ရင် outdoor unit မှာ external omini antenna တပ်ပေးရပါတယ်။ ထို external antenna တပ်ဖို့ outdoor unit မှာ connector ပါလာပါတယ်။ ထို connector မှာ omini antenna တိုင်ကို တပ်ပြီး ဘေးပတ်လည် Signal လွှတ်ဖို့ လုပ်နိုင်ပါတယ်။ အဲ့ဒီလို external antenna တစ်ခုခုကို တပ်လိုက်ရင် builtin ပါတဲ့ directional antenna က အလိုလို အလုပ်မလုပ်တော့ပါဘူး။ outdoor external antenna တွေရဲ့ connector ခေါင်းအမျိုးအစားက N Type connector ကို သုံးတာများပါတယ်။ ခေါင်းအကြီးကြီးနဲ့ပေါ့။ Indoor Wireless Device မှာပါတဲ့ antenna ဖြုတ်၊တပ်လို့ရတဲ့ ခေါင်းကိုတော့ SMA connector လို့ခေါ်ပါတယ်။ TPLink မှာ external antenna တပ်ဖို့ပေးထားတဲ့ ခေါင်းကလည်း SMA connector ဖြစ်ပါတယ်။ခေါင်းအသေးပေါ့။အချုပ်ပြောရရင် Wireless device (antenna ဖြစ်ဖြစ်၊ unit ရဲ့ connector ဖြစ်ဖြစ်) ရဲ့ ခေါင်းအမျိုးအစားက နှစ်မျိုးရှိတောပေါ့။ SMA Connector နဲ့ N Type connector ဆိုပြီး။
ခု အသုံးများလာကြတဲ့ TPLink ကို နမူနာထားပြီး ရှင်းပြချင်ပါတယ်။ ကိုယ်က မိမိရဲ့ ဘေးပတ်လည်ချာကို internet connection ပြန်ဖြန့်ချင်တယ်ဆိုပါတော့။ TPLink outdoor unit ကိုသုံးပြီး ဖြန့်နိုင်ပါတယ်။ ဒါပေမယ့် သူက directional antenna အမျိုးအစားဖြစ်တဲ့အတွက် outdoor unit မျက်နှာမူရာ တဘက်တည်းမှာရှိတဲ့ အိမ်တွေကဘဲ internet connection ကို ပြန်ဖမ်းနိုင်မှာ ဖြစ်ပါတယ်။ မိမိအိမ်ရဲ့ ဘေးပတ်လည်လုံးမှာရှိတဲ့ အိမ်တိုင်းက signal ကိုဖမ်းချင်တယ်ဆိုရင်တော့ built in ပါတဲ့ directional antenna ကို မသုံးတော့ဘဲ external omini antenna တပ်သုံးရင် အဆင်ပြေပါတယ်။ omini antenna ကို ၀ယ်ရင် dbi ပြောပြီး ၀ယ်ရပါတယ်။ dbi များရင် antenna က ပိုကြီးပြီး Signal ပိုဝေးဝေးရောက်ပါတယ်။ 12 dbi ထက် 15 dbi antenna က ပိုကြီးပြီး signal ပိုဝေးဝေး လွှင့်နိုင်ပါတယ်။ ဟုတ်ပြီ။
ကျွန်တော်တို့ external omin antenna ကို တပ်မယ်ဆိုရင် external omin antenna က N Type connector ကိုသုံးတယ်။ outdoor unit မှာ ပါတဲ့ exernal antenna တပ်ဖို့ ပေးထားတဲ့ connector type က SMA Type ဖြစ်နေပါတယ်။ ဒါကြောင့် NType to SMA ပြောင်းပေးတဲ့ ကြိုးတကြိုးလိုပါတယ်။ ကြိုးရဲ့ ခေါင်းတဘက်က external antenna ခေါင်းကို တပ်နိုင်ဖို့ N Type connector ဖြစ်ရမှာ ဖြစ်ပြီး နောက်တဘက် ခေါင်းကတော့ outdoor unit ရဲ့ connector မှာ တပ်နိုင်ဖို့ SMA type connector ဖြစ်ရမှာ ဖြစ်ပါတယ်။
ပုံ
ထို ကြိုးကို PatchCord cable (ဒါမှမဟုတ်) Pigtail လို့လည်းခေါ်ကြပါတယ်။ Coaxial cable အမျိုးအစားပါ။ စာအုပ်တွေထဲမှာတော့ RF cable လို့ပြောကြပါတယ်။ ဆိုင်တစ်ဆိုင်မှာ ကျွန်တော်က RF cable ရှိလားလို့ ကျွန်တော်မေးဖူးပါတယ်။ မရှိဘူးတဲ့။ ရှာကြည့်ပြီး တွေ့တော့ ဒါကို ပြောတာလို့ ပြောတော့ သူတို့က pigtail cable ကိုပြောတာလားလို့ ပြန်မေးပါတယ်။ ထားပါတော့လေ။ အဲ့ဒီ cable က တိုရင် ပိုကောင်းတယ်။ ရှည်ရင် signal loss က ထို ကြိုးမှာ ဖြစ်သွားပြီး Signal က ဝေးဝေး မရောက်နိုင်တော့ပါဘူး။
ကျွန်တော်အထက်မှာ ပြောခဲ့သလို Omin Antenna မသုံးချင်ဘဲ built in ပါလာတဲ့ directional antenna နဲ့ဘဲ signal ပို့ချင်တယ်။ ဘေးပတ်လည် ရချင်တယ် ဆိုရင် Outdoor unit ကို ၄ လုံးလောက်ကို မတူညီတဲ့ လေးမျက်နှာမှာ ထားထားမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ builtin ပါတဲ့ semi-directional antenna က ပိုတောင် signal ကို ဝေးဝေးလွှင့်နိုင်ပါသေးတယ်။ omini antenna က signal ကို ဘေးပတ်လည် လွှင့်တယ်ဆိုတော့ signal အားတစ်ခုကို ဘေးပတ်လည် မျှပြီး လွှင့်တယ်။ဒါကြောင့် signal က ဝေးဝေး မသွားနိုင်တော့ပါဘူး။ ဘာနဲ့ တူလဲဆိုတော့ မီးလုံးနဲတူပါတယ်။ Directional antenna က လက်နှိပ်ဓါတ်မီးနဲ့ တူပါတယ်။ သူက တဘက်တည်းကိုဘဲ signal အားတစ်ခုကို လွှင့်တော့ ဝေးဝေးပို ရောက်ပါတယ်။
Wireless Router ရဲ့ Range က Antenna ကြီးရင်ကြီးသလောက် ဝေးဝေးသွားနိုင်တယ်။ ဒါကြောင့် Wireless Router တွေမှာ builtin ပါတဲ့ antenna တွေကို ဖြုတ်ပြီး antenna ပိုကြီးတာနဲ့ လဲကြတယ်။ Antenna အကြီးအသေးကို Dbi နဲ့တိုင်းတာတယ်။ Dbi များလာရင် (antenna ပိုကြီးလာရင်) Signal Range က ပို ဝေးဝေးသွားနိုင်တယ်။ Wireless Router တစ်ခုကို 3 dbi antenna (builtin) တပ်ထားပြီး singal က 40 meter သွားတယ်ဆိုပါတော့။ ထို builtin 3dbi antenna ကို 7dbi antenna နဲ့ လှဲတပ်လိုက်မယ်ဆိုရင် Signal က 70 meter လောက်ရောက်သွားနိုင်တယ်။Wireless နည်းပညာမှာ Signal ဘယ်လောက်ထိရောက်နိုင်တယ်ဆိုတာ Transmit device ကြီးပေါ်မှာဘဲ မူတည်တာ မဟုတ်ပါဘူး။ Receive device ပေါ်မှာလည်းမူတည်တာပါ။ TPLink Outdoor unit ရဲ့ specification ပေါ်မှာ ရေးထားတာကို တွေ့ဖူးကြလားမသိဘူး။ 10 km ထိ signal ရောက်တယ်ဆိုပြီး။ ရောက်တယ်ဆိုတာက ပြန်ဖမ်းတဲ့ device က TPLink outdoor unit (built in 12dbi) နဲ့ ဖမ်းတဲ့အခါကို ပြောတာပါ။ တဘက်က TPLink outdoor unit နဲ့ လွှင့်တယ်။ ပြန်ဖမ်းတော့ wireless laptop (1.5) dbi နဲ့ ပြန်ဖမ်းမယ်ဆိုရင်တော့ 300 m လောက်ဘဲရနိုင်ပါတယ်။ ဥပမာ ပြောတာပါ။ ပြောချင်တာက ပြန်ဖမ်းမယ့် device ပါ အရေးကြီးတယ်ဆိုတာကိုပါ။

အပေါ်ပုံက ဘာကို ပြလဲဆိုရင် Receive device ရဲ့ antenna dbi ပေါ်မှာ မူတည်ပြီး signal ရောက်နိုင်တဲ့ အကွာအဝေး ကွာသွားပုံကို ပြထားတာပါ။ လွှင့်တဲ့ device ကတော့ တစ်ခုတည်း။ ပြန်ဖမ်းတဲ့ device ပေါ်မူတည်ပြီး အကွာအဝေးကွာသွားတာပါ။ wireless phone နဲ့ wireless router ကို 10m လောက်ထိဘဲ အများဆုံး ရပါတယ်။ (အကွာအဝေးက ဥပမာ ပြောပြတာပါ။)
Wireless phone ထက် dbi ပိုများတဲ့ laptop ဆိုရင် 15 meter အထိ singal ဖမ်းနိုင်တယ်။ laptop ရဲ့ builtin wireless antenna ထက် dbi ပိုများတဲ့ external antenna ကို Laptop ရဲ့ usb port မှာ ချိတ်သုံးမယ်ဆိုရင်တော့ နောက်ထက် ၁၅ မီတာ ပိုသွားပါလိမ့်မယ်။ ထို့ထက် dbi ပိုများတဲ့ wireless router အချင်းချင်း Bridge ချိတ်ြပီးသုံးမယ် (ဒါမှမဟုတ်) Repeater mode အနေနဲ့ သုံးမယ်ဆိုရင်တော့ မီတာ 50 အကွာအဝေးထိ သုံးနိုင်သွားမှာဖြစ်ပါတယ်။
Signal ကို ဝေးဝေးရောက်ချင်ရင်။
Wireless Device တစ်ခုမှာ Signal ကို ဝေးဝေး ပို့ချင်တယ်ဆိုရင် Antenna ကို dbi များများနဲ့ ပြောင်းတပ်သင့်ပါတယ်။ တချို့ Wireless device မှာ Transmit power ကို ရွေးလို့ရတဲ့ setting ပါလာပါတယ်။ Transmit power ကို milliwatt နဲ့ တိုင်းတာပါတယ်။ Transmit power တနည်းအားဖြင့် milliwat များရင် များသလို singal ပိုဝေးဝေးရောက်ပါတယ်။ wireless device တွေမှာ ဘယ်လောက် Transmit power နဲ့ signal ကို လွှင့်တယ်ဆိုတာ Specification မှာ ပါလာတက်ပါတယ်။ Wireless Router,Wireless Access Point တွေ သုံးတဲ့ Frequency က unlicensed band ပါ။ တနည်းအားဖြင့် Free ပေါ့။ Wireless လွှင့်ရင် သုံးတဲ့ frequency ကို ဆက်သွယ်ရေးမှာ သွားဝယ်စရာမလိုဘူး။ ကျွန်တော်ခုနပြောသလိုဘ device ရဲ့ transmit power ကများရင်များသလောက် signal က ပိုဝေးဝေးရောက်တယ်။ မေးစရာ ရှိတယ်။ ဒါဆို အများကြီးထားပေါ့လို့။ ဒါပေမယ့် သူတို့ သုံးတဲ့ frequency က free ဆိုတော့ တခြား သူတွေလည်း သုံးဦးမှာလေ။ တခြား သုံးတဲ့ သူတွေ အနှောင့်အယှက်မဖြစ်အောင် singal ကို ဝေးဝေးမရောက်အောင် လုပ်ရမယ်။ဒါကြောင့်Transmit power ကို 1 W ထက်ကျော်မသုံးရဆိုပြီး သတ်မှတ်ထားလို့ပါ။
Outdoor unit ကို built in antenna မသုံးဘဲ External Antenna တပ်သုံးမယ်ဆိုရင် Outdoor unit နဲ့ external antenna ချိတ်တဲ့ RF Cable ကို တိုတိုဘဲထားသင့်ပါတယ်။ ရှည်ရင် ကြိုးမှာ Signal Loss ဖြစ်ပြီး signal range ကျသွားပါတယ်။
အပေါ်မှာ ကျွန်တော်ပြောတာထက် signal ကို ထပ်ချဲ့ချင်တယ်ဆိုရင်တော့ ကြားမှာ Wireless device ကို Repeater အနေနဲ့သုံးပြီး signal ကို ထပ်ချဲ့နိုင်ပါတယ်။ ပြီးတော့ ပြန်လက်ခံတဲ့ဘက်မှာလည်း dbi များများနဲ့ ပြန်ဖမ်းလိုက်ရင် အဝေးဆုံးကနေ ဖမ်းနိုင်ပြီပေါ့။