POE (Power over Ethernet)
Wireless device တိုင်းကို Power ပေးပေးရတယ်။ သူ့တို့မှာ power adapter ကြိုးတပ်ဖို့ power အပေါက်ပါတယ်။ POE (Power Over Ethernet) ကို Support လုပ်တဲ့ Wireless Device တွေမှာ copper ကြိုးတစ်ကြိုးဘဲ Wireless device မှာ ထိုးစရာလိုတယ်။ power ကြိုးကို Wireless device မှာ ထိုးစရာမလိုတော့ပါဘူး။ ထို copper ကြိုး တစ်ကြောင်း မှာဘဲ data ရော ၊ Power ရော သွားတယ်။

အပေါ်ကပုံမှာ Normal Wireless Router Case(ပုံ) ကို ပြထားတယ်။ သူက ရိုးရိုး wireless router device ပါ။ Wireless device အတွက် Power ပေးဖို့ power adapter ကြိုးကို Wireless device မှာဘဲ လာတပ်ပေးရတယ်။ Data ကြိုးဖြစ်တဲ့ copper cable ကို လည်း wireless device ရဲ့ RJ 45 port မှာ လာတပ်ပေးရပါတယ်။ Wireless Router ကို အမြင့်ကြီးမှာ ထားမအယ်ဆိုရင် ထို အမြင့်ကြီးမှာဘဲ Power ပလက်ပေါက် ရောက်အောင်ထားပေးဖို့လိုတာပေါ့။
POE Wireless Router Case(ပုံ) မှာဆိုရင် Wireless device က Copper ကြိုး တစ်ကြိုးဘဲ အပေါ်ကနေ အောက်ကို ချဖို့လိုတယ်။ အောက်ကျမှ POE device တစ်ခုကို သုံး။ ထို POE device ကို power ပေး။ ထို POE device မှ copper ကြိုးနဲ့ Switch ကိုချိတ်။ Power ပလက်ပေါက်ကို Wireless Device ရှိတဲ့ အမြင့်ကြီးမှာ သွားထားဖို့ မလိုတော့ဘူးပေါ့။အောက်မှာရှိတဲ့ POE device ကိုဘဲ အောက်မှာ ရှိတဲ့ ပလက်ပေါက် တစ်ခုခုကနေ Power ပေးစရာဘဲလိုတယ်။ ထို POE device က Wireless device ကိုသွားတဲ့ copper cable ကြိုးကနေဘဲ data ရော။ power ရော Wireless device ကို ပို့ပေးတယ်။

POE Wireless Router case with Active Switch က Switch ကိုယ်တိုင်ကကို Power ကို Wireless device ဆီ ပို့ပေးတယ်။ Power က wireless device ဆီ data သွားတဲ့ copper cable ကိုဘဲသုံးပြီးတော့ သွားတယ်။ သီးခြား POE unit တွေတပ်စရာမလိုတော့ဘူး။ ကြည့်ရတာ ပို ရှင်းတာပေါ့။ Switch တိုင်းက အဲ့ဒီလို POE device တွေကို power မပေးနိုင်ဘူး။ Active switch အမျိုးအစားဖြစ်မှသာ ပေးနိုင်တာ။
အပေါ်ကပုံက Wimax Unit, TPLink Outdoor unit စတာတွေကို ချိတ်တဲ့ ပုံစံကို ပြထားတာပါ။ Outdoor unit က POE device ကို copper cable သုံးပြီး ချိတ်ထားပါတယ်။ PoE unit ကို မီးပလတ်ပေါက်ကနေ power ပေးထားပါတယ်။POE device ကနေ switch ဆီ Copper cable သုံးထားပါတယ် ။ ပုံမှန်ဆိုရင် Surge Arrestor or surge protector ဆိုတဲ့ မိုးကြိုးလွဲကို တပ်ထားသင့်ပါတယ်။ ထိုမှသာ မိုးကြိုးထိမှန်ရင် device တွေမပျက်အောင်ပါ။ ဒီမှာတော့ ပုံရှင်းအောင်လို့ မပြထားပါဘူး။
Wireless နဲ့ ပတ်သတ်တဲ့ နောက် Post တွေကိုလည်း ဆက်တင်ဖို့ရှိပါသေးတယ်။ဒီ Post တွေကတော့ ညီအကိုလိုခင်ရတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး အချိန်မှီ တင်လိုက်တာဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် Wirless နဲ့ ပတ်သတ်ပြီး သိပ်မရေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အရမ်း Expert မဖြစ်တဲ့ အကြောင်းအရာတွေမို့ပါ။ ဒါပေမယ့် ကျွန်တော်သိသလောက် သိစေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ရေးရခြင်းဖြစ်ပါတယ်။ Post တွေမှာ လက်တွေ့၊ စာတွေ့အရ သိခဲ့သမျှ အရာတွေအားလုံးကို မချွင်းမချန် ရေးထားပါတယ်။ အမှားပါရင်လည်း နားလည်ပေးကြပါ။ အကြံများလည်း ပေးကြပါအုံး။